နယူးဇီလန်အသင်း မြန်မာနိုင်ငံတွင် လေ့ကျင့်ရေးကွင်း အခက်ကြံုနေ

နယူးဇီလန်အသင်း မြန်မာနိုင်ငံတွင် လေ့ကျင့်ရေးကွင်း အခက်ကြံုနေ
မြန်မာအသင်းနှင့်ခြေစမ်းမည့် နယူးဇီလန်အသင်း။

စက်တင်ဘာ ၇ရက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့်ခြေစမ်းပွဲကစားရန် မြန်မာနိုင်ငံသို့ သြဂုတ်လ ၃၁ရက်ကတည်းကရောက်ရှိနေသော နယူးဇီလန် လက်ရွေးစင်ဘောလုံး အသင်းသည်လေ့ကျင့်ရေးကွင်း အခက်အခဲ နှင့် ကြုံတွေ့နေရသည်။

နယူးဇီလန်အသင်းသည် မူလက အောင်ဆန်းကွင်းတွင်လေ့ကျင့်ခန်းဆင်းခဲ့သော်လည်း ကွင်းမျက်နှာပြင် အဆင်မပြေသဖြင့် သုဝဏ္ဏကွင်းသို့ပြောင်းရွှေ့လေ့ကျင့်မှုများပြုလုပ်နေသည်။ သို့သော် အချိန်ပြည့်လေ့ကျင့်ခွင့်မရပဲ အချိန်ပိုင်းသာ လေ့ကျင့်မှုများပြုလုပ်နေရသည်။

မြန်မာအသင်းနှင့်နယူးဇီလန်အသင်းတို့မှာ ရေဘေးရန်ပုံငွေပွဲအဖြစ်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းမှာ အထူးတန်း ၅၀၀၀ကျပ်၊ ရိုးရိုးတန်း ၁၀၀၀ကျပ်ဖြစ်သည်။

မြန်မာအသင်းနှင့်ခြေစမ်းမည့် နယူးဇီလန်လက်ရွေးစင်အသင်းတွင် ဖီဖာယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှ လူငယ်ကစားသမား ခြောက်ဦးပါဝင်ပြီး အင်္ဂလန်၊ ပြင်သစ်၊ သြစတြေးလျ ၊ ဂျာမနီနှင့် အမေရိကန်အခြေစိုက် ကလပ်အသင်းများမှ ကစားသမားသမားများနှင့်ဖွဲ့စည်းထားကာ အသင်းခေါင်းဆောင်အဖြစ် ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required