ဗြိတိန်တစ်ကိုယ်တော် ထိပ်တန်း တေးသီချင်းဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်နေ သည့် ဂျပ်စတင်ဘီဘာ

ဗြိတိန်တစ်ကိုယ်တော် ထိပ်တန်း တေးသီချင်းဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်နေ သည့် ဂျပ်စတင်ဘီဘာ

ပေါ့အဆိုတော် ဂျပ်စတင်ဘီဘာသည် What Do You Mean တေးသီချင်းဖြင့် ဗြိတိန်တစ် ကိုယ်တော် ထိပ်တန်းတေးသီချင်း ၁၀ ပုဒ်စာရင်းတွင် နံပါတ်တစ်နေရာမှ ရပ်တည်လျက်ရှိသည်။

ဗြိတိန်တစ်ကိုယ်တော် ထိပ်တန်းတေးသီချင်း ၁၀ ပုဒ်စာရင်းတွင် နံပါတ်တစ်နေရာမှ ရပ်တည် နိုင်မှုသည် ဂျက်စတင်ဘီဘာအတွက် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က Boyfriend တေး သီချင်း ထွက်ရှိပြီးနောက်ပိုင်း နံပါတ်တစ်နေရာမှ ရပ်တည်နိုင်မှုသည် ပထမဆုံးအကြိမ်လည်း ဖြစ် သည်။

နံပါတ်နှစ်နေရာတွင် ရပ်တည်နေသော ရာချဲလ်ပလက်တန်၏ Fight Song တေးသီချင်းသည် ၅၅,၀၀၀ ရောင်းချနိုင်ခဲ့ပြီး ဘီဘာ၏ တေးသီချင်းသည် ၈၄,၀၀၀ ရောင်းချနိုင်ခဲ့သည်။

What Do You Mean တေးသီချင်းသည် ကမ္ဘာတစ်ဝှမ်းရှိ Spotify တေးသီချင်း ဝန်ဆောင်မှု တွင် ကြည့်ရှုသူ ၂၁ သန်းကျော် ရှိခဲ့ပြီး တေးသီချင်း ဝန်ဆောင်မှုအတွက် မှတ်တမ်းသစ်တင်ခဲ့ကြောင်း နှင့် ဗြိတိန်တစ်နိုင်ငံတည်းတွင် တေးသီချင်း ဝန်ဆောင်မှုများမှ နားဆင်သူ ၃ ဒသမ ၂ သန်း ရှိခဲ့သည်။

ပြီးခဲ့သည့်လက One Direction အဖွဲ့၏ Drag Me Down တေးသီချင်းသည် ထုတ်လွှင့်ပြီး ပထမ သီတင်းပတ်အတွင်း ကြည့်ရှုသူ ၂ ဒသမ ၀၃ သန်းဖြင့် စံချိန်တင်ခဲ့သည်။

အဆိုတော် ရစ်ချဲလ်ပလက်တန်၏ Fight Song သည် နံပါတ်တစ်နေရာမှ  နံပါတ်နှစ်နေရာသို့ ရောက်ရှိခဲ့ပြီး ဂျပ်စတင်ဘီဘာ၏ What Do You Mean တေးသီချင်းသည် နံပါတ်တစ်နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly