အမှားတွေ လုပ်ခဲ့တဲ့အတွက် ပြန်ပြီးပေးဆပ်လိုက်ရတာပဲဆိုတဲ့ မော်ရင်ဟို

.

 

သြဂုတ် ၂၀ ။          ။ ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းကို ၃-၂ ဖြင့်  သြဂုတ်လ ၁၉ ရက်က အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့ မန်နေဂျာ ဂျိုဆေးမော်ရင်ဟိုကတော့ “ကျွန်တော်တို့အမှားတွေ အများကြီး လုပ်ခဲ့တဲ့အတွက် ပြန်ပေးဆပ်လိုက်ရတာပါပဲ” လို့ သြဂုတ်လ ၁၉ ရက်က မန်ယူအသင်းဖေ့ဘွတ်မှာ ပြောထားခဲ့ပါတယ်။

ဘရိုက်တန်အတွက် သွင်းဂိုးတွေကိုတော့ မာရေး၊ ဒပ်ဖီ နဲ့ ဂရော့စ် တို့က ပထမပိုင်းမှာ ဘရိုက်တန်အတွက် ၃ ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မန်ယူဘက်မှ ပထမပိုင်းမပြီးခင် ခြေပဂိုးကိုတော့ တိုက်စစ်မှူး လူကာကူက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပင်နယ်တီကတစ်ဆင့် မန်ယူကွင်းလယ်လူ ပေါ့ပ်ဘာက တစ်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း မန်ယူအသင်းရှုံးနိမ့်ခဲ့ရပါတယ်။

ယှဉ်ပြိုင်ပွဲအပြီးမှာတော့ ပေါ့ပ်ဘာက နောက်ပွဲစဉ်အတွက် ကြိုးစားသွားမယ်လို့ MUTV ကို ပြောသွားပါတယ်။ သူရဲ့လူမှုကွန်ရက်မှာလည်း သူ့ဘေးက ထွက်သွားတဲ့အရာတွေ ရှိနေပေမယ့် သူကတော့ ဆက်ကြိုးစား သွားမယ်လို့ ရေးသားထားပါတယ်။

မန်ချက်စယူနိုက်တက် ဟာ ဒုတိယပွဲစဉ်ကစားအပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ရရှိနေပြီး တတိယပွဲစဉ်မှာတော့ တော့တင်ဟမ်ဟော့စပါး နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်လို့ အရေးကြီးပွဲစဉ် ဖြစ်နေပါတယ်။