နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၉ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါခရီးစဉ်ကို စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၉ ရက်မှ သြဂုတ် ၂၂ ရက်အထိ ၄ ရက်ကြာမြင့်မည်ဟု သိရသည်။

ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံ၏ ဂုဏ်ထူးဆောင်ဝန်ကြီး မစ္စတာ ဂိုချောက်တောင် အပါအ၀င် စင်ကာပူသမ္မတယာကော့၊ ဝန်ကြီးချုပ် လီရှန်လွန်း ၊စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယမ် ဘာလက်ရစ်နန် တို့နှင့် တွေ့ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်အတွင်းကလည်း စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပြီး ယခုခရီးစဉ်သည် ဒုတိယမြောက် သွားရောက်ခြင်းလည်း ဖြစ်သည်။