အိန္ဒိယ ရေကြီးမှု သေဆုံးသူ ၃၅၀ ကျော်ထိ ရှိလာ

.

သြဂုတ် ၁၉ ။           ။ အိန္ဒိယတောင်ပိုင်း ကရာလာပြည်နယ်မှာ မကြုံစဖူး မိုးများပြီး ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေခဲ့ရာမှာတော့ ယခုအချိန်မှာ သေဆုံးသူဦးရေ ၃၅၇ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက သြဂုတ် ၁၉ ရက်မှာ ပြောပါတယ်။

ရာစုနှစ်အတွင်း အဆိုရွားဆုံး ရေကြီးမှုကြောင့် ယင်းပြည်နယ်ရှိ ကျေးရွာ အားလုံးနီးပါး ရေလွှမ်းခံလိုက်ရပါတယ်။

လက်ရှိအချိန်မှာ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နေကြလျက်ရှိပြီး သေဆုံးသူဦးရေ ထပ်မံ မြင့်တက်လာမှာကိုလည်း စိုးရိမ်ပူပန်နေကြလျက်ရှိပါတယ်။

အဆိုပါ ပြည်နယ် ရေကြီးမှုတွေကို  ရဟတ်ယာဉ်တွေ၊ စက်လှေတွေ၊ စစ်တပ် တပ်ဖွဲ့ဝင်တွေ၊ ငါးဖမ်းသမ်ားတွေ ၀ိုင်းဝန်း ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြလျက်ရှိပါတယ်။

Tags: