ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ အားပြင်ငလျင် ဖီဂျီ ကမ်းလွန်တွင် လှုပ်

.

သြဂုတ် ၁၉ ။             ။ ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ အားပြင်း ငလျင်ကြီးတစ်ခု သြဂုတ် ၁၉ ရက်က ဖီဂျီနိုင်ငံ ပြင်ပ ပစိဖိတ်သမုဒ္ဒရာတွင် လှုပ်သွားခဲ့ကြောင်း အမေရိကန် ဘူမိ တိုင်းတာရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

သို့ပေမယ့် ယင်း ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်နိုင်ခြေ မရှိဘဲ လက်ရှိအချိန်ထိလည်း ထိခိုက်ပျက်စီးမှု သတင်းမျိုး မကြားရသေးဘူးလို့လည်း သိရပါတယ်။

အဆိုပါ အားပြင်းငလျင်ဟာ ဖီဂျီနဲ့ တွန်ဂါ နိုင်ငံအနီး ပစိဖိတ် သမုဒ္ဒရာမှာ ဗဟိုပြု လှုပ်ခဲ့တာဖြစ်ပါတယ်။

ငလျင်ရဲ့ အနက် ဇောက်ဟာ မိုင် ၃၄၇ ဒသမ ၇ မိုင် (၅၆၀ ကီလို) ရှိတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်မှုကို ကြုံတွေ့ခံစားလိုက်ရကြောင်း၊ သို့ပေမယ့် ထိခိုက်ပျက်စီးမှု သတင်း မရှိကြောင်း ဖီဂျီ မြေငလျင်ဌာန တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အေပက်တီ ဆိုရိုက ပြောသွားပါတယ်။