တံတားပြိုကျမှုကြောင့် သေဆုံးသူများအတွက် အီတလီတွင် ဈာပနအခမ်းအနား ကျင်းပ

.

သြဂုတ် ၁၈ ။          ။ အီတလီနိုင်ငံ၊ ဂျီနိုယာမြို့မှာ တည်ရှိတဲ့ မော်ရန်ဒီတံတားရဲ့ မီတာ ၁၀၀ ရှည် ပြေးလမ်းကြီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြိုကျပျက်စီးခဲ့တဲ့အတွက် ကားတွေလည်း မြေပြင်နဲ့ဝင်ဆောင့်ပြီး လူ ၃၇ ဦးသေဆုံးရာ ၈ နှစ်၊ ၁၂ နှစ်၊ ၁၃ နှစ် ကလေးသုံးဦး ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဆွေမျိုးသားချင်းတွေနဲ့ အာဏာပိုင်တွေက ဒီကနေ့မှာ ဈာပနအခမ်းအနားကျင်းပပေးတာဖြစ်ပါတယ်။

တံတားပြိုကျမှုကြောင့် သေဆုံးသူ ၃၈ ဦးရှိနေပြီဖြစ်ပြီး ဒဏ်ရာရသူတွေကိုလည်း ဆက်လက် ရှာဖွေကယ်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါတံတားကို တာဝန်ယူတည်ဆောက်တဲ့ ကုမ္ပဏီအကြီးအကဲတွေအနေနဲ့ ရာထူးက နှုတ်ထွက်ပြီး ဒဏ်ငွေပေးဆောင်သွားဖို့ အီတလီအစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။

မော်ရန်ဒီတံတားကို ၁၉၆၀ ခုနှစ်က စတင်တည်ဆောက်ထားခဲ့တာဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။

တံတား ပြန်လည် ပြုပြင်တည်ဆောက်ဖို့ ငါးလ ကြာမြင့်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။