အီကွေဒေါကားတိုက်မှုတွင် သေဆုံးသွားသည့် ကိုလံဘီယာလူမျိုးများအတွက် ဈာပနအခမ်းအနား ကျင်းပ

.

သြဂုတ် ၁၇ ။          ။ အီကွေဒေါကားတိုက်မှုမှာ သေဆုံးသွားတဲ့ လူတွေအနက် ၁၉ ဦးက ကိုလံဘီယာနိုင်ငံသားတွေ ဖြစ်တယ်လို့ ကိုလံဘီယာအစိုးရက ပြီးခဲ့တဲ့ ဗုဒ္ခဟူးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့က အီကွေဒေါနိုင်ငံ၊ ကွီတိုမြို့ရဲ့ အဝေးပြေးလမ်းမပေါ်မှာ ဘတ်စ်ကားတစ်စီးနဲ့ SUV ကားတစ်စီး တိုက်မိပြီး လူ ၂၃ ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အဆိုပါကားတိုက်မှုကြောင့် ကိုလံဘီယာ ၁၂ ဦး၊ ဗင်နီဇွဲလား ၄ ဦးနဲ့ အီကွေဒေါနိုင်ငံသား ၂ ဦးသေဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်။ ကျန်ရှိအလောင်းတွေကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရစ်သူ ဆွေမျိုးတွေကတော့ သေဆုံးသွားတဲ့ ကိုလံဘီယာနိုင်ငံသားတွေအတွက် ဈာပနအခမ်းအနားကျင်းပမှာဖြစ်သလို အခင်းဖြစ်ပွားရာ ကွီတိုမြို့ကိုသွားပြီး အလောင်းတွေ သွားယူမယ်လို့ သိရပါတယ်။

အဆိုပါဘတ်စ်ကားဟာ နိုင်ငံခြားခရီးသည်တွေကို ပို့ဆောင်ခွင့်မရှိဘူးလို့ ကိုလံဘီယာ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကားဆရာ နှစ်ဦးအနက် ဒဏ်ရာရနေတဲ့ ကားဆရာတစ်ယောက်ကိုတော့ ဖမ်းထားလိုက်ပြီဖြစ်ပါတယ်။

အီကွေဒေါနိုင်ငံမှာ ယာဉ်တိုက်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး တစ်ရက်ကို အနည်းဆုံး လူ ၈၀ ဦး ဒဏ်ရာရနေတယ်လို့ သိရပါတယ်။