Wanted အဖွဲ့ရဲ့ စိတ်နဲ့လူအမည်ရှိ တေးစီးရီးသစ် မိတ်ဆက်

.

ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ သြဂုတ် ၁၆ ။           ။ ရော့ခ်တေးဂီတအဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့ရဲ့ စိတ်နဲ့လူ လို့ အမည်ပေးထားတဲ့ ၄ခွေမြောက်တေးစီးရီးအသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

တေးသီချင်း ၁၁ ပုဒ်ပါဝင်တဲ့ စိတ်နဲ့လူ တေးစီးရီးမိတ်ဆက်ပွဲကို သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့Orchid ဟိုတယ် မှာပြုလုပ်ခဲ့တာပါ။

ဒီအခွေမှာ အရင်လိုအချစ်သီချင်းတွေပါပေမယ့် ဘ၀နဲ့ပတ်သက်တဲ့သီချင်းတွေ ပိုများမယ်လို့ wanted အဖွဲ့က အဆိုတော် Fokker ကပြောပါတယ်။

“ အရပ်စကားနဲ့ပြောရင်တော့ ဒီအခွေဖြစ်ဖို့အချိန် ၅ နှစ်လောက်ယူခဲ့ရတာပေါ့” ဟုအဆိုတော် Fokker ဆက်ပြောပါတယ်။

စိတ်နဲ့လူ အခွေရဲ့သီချင်း ၁၁ ပုဒ်ထဲမှာ အချစ်သီချင်း ၃ ပုဒ်လောက်ပဲပါဝင်ထားပြီး သီချင်းအများစုကိုတော့ Fokker ကပဲသီဆိုထားတာလို့လည်း သိရပါတယ်။ ဒီအခွေကို သြဂုတ်လ ၁၈ ရက်နေ့ကစတင်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ချီသွားမှာလည်းဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “ တစ်ယောက်တစ်နေရာ” အခွေထွက်ပြီး ၅ နှစ်လောက်အကြာမှာ ယခု ၄ ခွေမြောက်အဖြစ် စိတ်နဲ့လူ အခွေထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Wanted အဖွဲ့ကို ၂၀၀၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုအချိန်ထိ ရောင်ခြည်၊ ငါ့ဂီတ ငါ့ဗီဇ၊ တစ်ယောက် တစ်နေရာနဲ့ စိတ်နဲ့လူ စတဲ့ တေးစီးရီး (၄) ခွေကို ထွက်ရှိထားတာလည်းဖြစ်ပါတယ်။