ရေကြီးမှုကြောင့် အိန္ဒိယ ကာရာလာပြည်နယ်မှာ သေဆုံးသူ ၇၇ ဦး ရှိလာ

.

ကိုလ်က္တား၊ သြဂုတ် ၁၆ ။        ။ ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်မှု များတဲ့ အိန္ဒိယနိုင်ငံက ကာရာလာပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ သြဂုတ် ၁၆ ရက်မှာ ၇၇ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးစခန်းတွေဆီ လာရောက်ခိုလှုံရသူပေါင်း ခြောက်သောင်းကျော် ရှိနေချိန်မှာ ဧရိယာနယ်မြေသစ်တွေမှာ မိုးသည်းထန်မယ့်ဘေးကလည်း ခြိမ်းခြောက်လို့ နေပါတယ်။

တောင်ပိုင်း ကာရာလာပြည်နယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စစ်တပ်နဲ့ ရေတို့က ဆောင်ရွက်ပေးနေပြီး ရဟတ်ယာဉ်တစ်စီးပါ အသုံးပြုလို့ လူတွေကို ရွှေ့ပြောင်းပေးနေကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးရုံး တာဝန်ရှိသူက ပြောပါတယ်။

“ခရိုင်အားလုံး အနီရောင်သတိပေးချက်အဆင့် ထုတ်ထားတယ်။ လာမယ့် ၂၄ နာရီအတွင်းမှာ မိုး ပိုကြီးလာနိုင်တယ်။”လို့ တာဝန်ရှိသူက ဆိုပါတယ်။

သေဆုံးသူဦးရေဟာ တစ်ညတည်းနဲ့ ဆယ်ဦးအထိ မြင့်တက်ခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း ထပ်တိုးလာနိုင်ခြေရှိတယ်လို့ ၎င်းကပဲ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကို ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ အမိန့်ပေးထားကြောင်း ၀န်ကြီးချုပ် နာရန္ဒြာမိုဒီက တွစ်တာကနေ ရေးသားခဲ့ပါတယ်။