ငါးဖမ်းပိုက်မှာ ၀င်တိုးပိတ်မိတဲ့ ဝေလငါးကြီးကို ချီလီရေတပ် ကယ်ဆယ်

.

ဆန်တီယာဂို၊ သြဂုတ် ၁၅ ။          ။ ချီလီရေတပ်ဟာ ဆန်တီယာဂို တောင်ဖက် ကီလိုမီတာ ၃၄၀၀ အကွာခန့်က နာဗာရီနိုကျွန်းမှာ ငါးဖမ်းပိုက်တစ်ခုထဲ ၀င်တိုးပိတ်မိနေတဲ့ ဝေလငါးကြီးတစ်ကောင်ကို သြဂုတ် ၁၄ ရက်က ကယ်တင်ပေးခဲ့ရပါတယ်။

ပင်လယ်တွင်း ငါးဖမ်းသမားတွေက သတိပေးချက်တွေ ပေးပို့လာပြီးနောက်မှာ ပါဆိုဂိုရီ ပင်လယ်ရေလက်ကြားအနီးမှာ ဒီ ဝေလငါးကို တွေ့ရှိရတာပဲ ဖြစ်ကြောင်း ရေတပ်က ဆိုပါတယ်။

ကင်းလှည့်စစ်ရေယာဉ်က အမှုထမ်းတွေနဲ့ ကယ်ဆယ်ရေးယူနစ်အဖွဲ့က ရေငုပ်သမားတွေဟာ ဝေလငါးကို ၀ိုင်းဝန်းကယ်တင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ကြောက်လန့်စိတ်လှုပ်ရှားနေတဲ့ ဝေလငါးဆီ အန္တရာယ် ဖြစ်နိုင်တဲ့ အနီးထိ ရေငုပ်သမားတွေဟာ ကူးခပ်သွားကြပြီး ပိုက်ကွန်ကို ဖြတ်တောက်လို့ လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

“တစ်နာရီလောက် ကြိုးစားလိုက်ရတယ်။ ရေငုပ်သမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့် ဝေလငါးကို ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။”လို့ ရေတပ်ဗိုလ်မှူးတစ်ဦးဖြစ်တဲ့ ဆီဆာကီရိုဂါက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။

ငါးဖမ်းအဖွဲ့တွေအနေနဲ့လည်း ဝေလငါးတွေ ပိုက်ကွန်မှာ ၀င်မတိုးဖို့ ငါးဖမ်းအလုပ်ပြီးရင် ပိုက်ကွန်တွေကို သတိထားဖယ်ရှားသွားကြဖို့လည်း တိုက်တွန်းထားပါတယ်။