ရောဂါကင်းစင်ပြီဟု ကြေညာထားသည့် ဆီရာလီယွန်တွင် အီဘိုလာကြောင့် လူတစ်ဦးသေဆုံးပြန်ရာ လူတစ်ထောင်နီးပါး ရောဂါခြေချုပ်ဖြင့်ထား

ရောဂါကင်းစင်ပြီဟု ကြေညာထားသည့် ဆီရာလီယွန်တွင် အီဘိုလာကြောင့် လူတစ်ဦးသေဆုံးပြန်ရာ လူတစ်ထောင်နီးပါး ရောဂါခြေချုပ်ဖြင့်ထား

ဖရီးတောင်း၊ စက်တင်ဘာ ၆ ။ ။ ဆီရာလီယွန်နိုင်ငံတွင် အသက် ၆၇ နှစ်ရှိ အမျိုးသမီး တစ်ဦးသေဆုံးရာတွင် အီဘိုလာပိုးတွေ့ရှိ၍ လူပေါင်း တစ်ထောင်နီးပါးကို ရောဂါခြေချုပ်ဖြင့် ထားရှိထားရသည်။

နိုင်ငံတွင် အီဘိုလာကင်းစင်ပြီဟု ကြေညာခဲ့ပြီး သီတင်းခြောက်ပတ်အကြာတွင် ယခုကဲ့သို့ ရောဂါကြောင့် လူတစ်ဦး သေဆုံးမှုဖြစ်ပွားခြင်းဖြစ်သည်။

ထိုသို့ ခြေချုပ်ထားရှိသူများကို အနည်းဆုံး သီတင်းသုံးပတ်ကြာ သီးသန့်ရောဂါခြေချုပ်အဖြစ် ခွဲကာ ထားရှိသွားမည်ဖြစ်သည်။

ဆီရာလီယွန်၊ ဂီနီနှင့် လက်ဘေးရီးယားနိုင်ငံများတွင် အီဘိုလာဖြစ်ပွားပြီး သေဆုံးသူပေါင်းသည် ၁၁၀၀၀ ကျော်ထက်မနည်းရှိခဲ့သည်။

ယခုရောဂါခြေချုပ်မိန့်သည် ယခင်ရောဂါပျံ့နှံ့စဉ်ကထက် ပိုမိုတင်းကျပ်ပြီး ယင်းသို့ရောဂါခြေချုပ်ဖြင့် ထားရှိသူများကို သီးခြားတားမြစ်မိန့်ထုတ်ကာ အခြားအိမ်များသို့ သွားရောက်ခြင်းများ မပြုရန် ကန့်သတ်ထားသည်။

စစ်သားနှင့် ရဲများလည်း ရောဂါခြေချုပ်ချထားရာ ဂီနီနယ်စပ်ရှိ ကမ်ဘီယားဒေသ ဆဲလာကတ်ဖ်တာကျေးရွာကို အစောင့်ထားရန် ဖြန့်ကြက်ထားရှိသည်။

သေဆုံးသူအမျိုးသမီးနှင့် ထိတွေ့ဆက်ဆံမှုရှိခဲ့သူများအား ကာကွယ်ဆေးများ ထိုးနှံပေးရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ဆီရာလီယွန်ကျန်းမာရေးဝန်ကြီးဌာနသို့က စီစဉ်လုပ်ဆောင်လျက်လည်းရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly