၂၀၁၈ အတွင်း အာဂျင်တီးနားအသင်းအတွက် မက်ဆီ ကစားပေးမည် မဟုတ်၊ အသင်းမှ ခဏအနားယူ

.

(ဓာတ်ပုံ - အီးပီအေ)

မက်ဆီဟာ လာမယ့် ခြေစမ်းပွဲ ပွဲစဉ်တွေကို အာဂျင်တီးနားအသင်းအတွက် ကစားပေးမှာ မဟုတ်ကြောင်းနှင့် လက်ရွေးစင်အသင်းမှ ခဏအနားယူသွားမယ်လို့ သိရပါတယ်။ ဘာစီလိုနာကြယ်ပွင့်ကစားသမားဟာ အပြီးတိုင် နိုင်ငံအသင်းမှ နုတ်ထွက်သွားတာ မဟုတ်ပေမယ့် သူဟာ ဘယ်ချိန်ပြန်ကစားပေးမယ်ဆိုတာကိုတော့ မသိရှိသေးဘူးလို့ ဆိုပါတယ်။

မက်ဆီဟာ အရင် ၂၀၁၆ ခုနှစ်က အာဂျင်တီးနား လက်ရွေးစင်ဘဝမှ အနားယူခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ အသင်းဆီ ပြန်လည် ပူးပေါင်းခဲ့ပါတယ်။

သတင်းတွေအရ မက်ဆီဟာ အာဂျင်တီးနား ယာယီနည်းပြ စကိုလောနီနဲ့ စကားပြောဆိုခဲ့ပြီး သူက လာမယ့် နိုင်ငံတကာခြေစမ်းပွဲတွေကို ကစားပေးနိုင်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် အသင်းခေါင်းဆောင် မက်ဆီဟာ ဒီနှစ် ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံလက်ရွေးစင်ပွဲစဉ်တွေကို ကစားပေးမှာ မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။

လာမယ့်နှစ် ဘရာဇီးနိုင်ငံမှာ ကိုပါအမေရိကဖလားပြိုင်ပွဲ ကျင်းပမှာဖြစ်ပေမယ့် ဒီအကြောင်းနဲ့ပတ်သက်လို့တော့ မက်ဆီက ပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီပေါ် ကြီးမားတဲ့ ဖိအားတွေ ရှိခဲ့ပါတယ်။ အဆိုပါတိုက်စစ်မှူးကို ကမ္ဘာ့ဖလားအကောင်းဆုံးကစားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုထားပြီး သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးဖို့ သူ့အတွက် နောက်ဆုံးအခွင့်အရေးလည်းဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကစားသမားကောင်းများစွာ ရှိတဲ့အသင်းဖြစ်ပေမယ့် စည်းလုံးမှုပိုင်းမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် လွှဲချော်မှုနဲ့ ကြုံတွေ့ရခါနီးဖြစ်ပြီး နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အီကွေဒေါနဲ့ပွဲမှာ မက်ဆီရဲ့ ဟက်ထရစ်ဂိုးနဲ့ ခြေစစ်ပွဲအောက်မြင်ခဲ့တာဖြစ်ပါတယ်။

အလားတူးပဲ အာဂျင်တီးနားသအင်းဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စုတွင်း ပွဲစဉ်တွေမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြန်ပါတယ်။ ဒီအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ် နိုက်ဂျီးရီးယားနဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ နိုင်ခဲ့ပြီးမှသာ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာပါ။

ဒါပေမယ့် အာဂျင်တီးနားအသင်းဟာ ပြိုင်ပွဲမှာ ကြာကြာမနေလိုက်ရပါဘူး။ ၁၆ သင်းရှုံးထွက်အဆင့်မှာတော့ ပြင်သစ်အသင်းကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး အာဂျင်တီးနားတို့ အိမ်ပြန်စောခဲ့ပါတယ်။

မက်ဆီဟာလည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁ ဂိုးသာ သွင်းယူခဲ့ပြီး ၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။

မက်ဆီဟာ အသက် ၃၁ နှစ်သာ ရှိသေးတဲ့အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သေးတာကို တွေ့ရပါတယ်။ သူဟာ အသင်းရဲ့ နည်းပြ ဆမ်ပိုလီနေရာမှာ နည်းပြသစ်ရွေးချယ်ပေါ်မှုတည်ပြီး လက်ရွေးစင်ကစားသမားဘဝကနေ အနားယူ မယူ ဆုံးဖြတ်သွားဖွယ်ရှိတယ်လို့ ဆိုကြပြန်ပါတယ်။

Ref; Barca Blaugranes, Bleacher Report

Tags: