စိုးရိမ်ရေအမှတ်အထက်ရောက်ရှိနေကြသည့်မြို့များမှာ

စိုးရိမ်ရေအမှတ်အထက်ရောက်ရှိနေကြသည့်မြို့များမှာ

ရန်ကုန်၊ စက်တင်ဘာ ၅ရက် ။ ။ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖေါင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ တို့တွင် အဆိုပါမြို့များ၏ စိုးရိမ်ရေအမှတ်များ၏ အထက်ကို ကျော်လွန်ရောက်ရှိနေပြီး၊ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့၌ ရေများပြန်လည်ကျဆင်းနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ မြို့များ၏ ရေအောက်ဖက်အရပ် မြို့များဖြစ်ကြသည့် ဖေါင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့များတွင် နောက်(၂)ရက်ကြာအထိ ရေများဆက်လက်တက်နိုင်ကြောင်း သိရသည်။

ဖေါင်းပြင်၊ မုံရွာနှင့် မော်လိုက်တို့တွင် ရေအမြင့် (၁) ပေမှ (၃) ပေအထိလည်းကောင်း၊ ကလေးဝနှင့် မင်းကင်းမြို့တို့တွင် နောက်ထပ်ရေအမြင့် (၅) ပေအထိ လည်းကောင်း မြင့်တက်လာနိုင်ပါသည်။

ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၌ စိုးရိမ်ရေအမှတ်အထက်ကိုရောက်ရှိနေပြီး နောက်(၃)ရက်ခန့် စိုးရိမ်ရေအမှတ် အထက်၌ ဆက်လက်တည်ရှိနေနိုင်ပါသည်။

Ref; ဒေါက်တာထွန်းလွင်/ DMH

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required