ခါကာဘိုရာဇီတောင်တက်မည့် မြန်မာတောင်တက်သမားများ

.

သြဂုတ် ၁၄ ။          ။ မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်မှာ တည်ရှိတဲ့ ၅၈၈၁ မီတာ (၁၉၂၉၄ ပေ) မြင့်မားတဲ့ ခါကာဘိုရာဇီတောင် (အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်) ကိုတက်ဖို့ မြန်မာတောင်တက်သမားတွေက နှစ်ပတ်ကြာ တောင်တက်ခရီးစဉ် စထွက်ဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ်။

အဆိပ်ပြင်းတဲ့ မြွေတွေ၊ မျှော့တွေ ပေါများလှတဲ့ ကချင်ပြည်နယ်ရဲ့ တောနက်ကြီးထဲမှာ မိုင် ၁၅၀ ခြေကျင်ခရီးလျှောက်ပြီးမှ ခါကာဘိုရာဇီတောင်နားကို ရောက်မှာဖြစ်ပါတယ်။

ခါကာဘိုရာဇီတောင်ထိပ်ကို တက်ဖို့ကြိုးစားပြီး အသက်စွန့်သွားခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။

“တောင်ထိပ်တက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။ ရာသီဥတုဒဏ်ကို အံတုနိုင်ရမယ်။ သေချာသတိထားပြီး လုပ်ရမှာပါ၊ အသက်ရှင်ရက် ပြန်လာဖို့တောင် မလွယ်ပါဘူး။”လို့ ကယန်းပြည်နယ်အရှေ့ဘက်ခြမ်းက ကျောက်ကမ်းပါးမှာ လေ့ကျင့်နေတဲ့ တောင်တက်သမား ဇော်ဇင်ခိုင် (အသက် ၃၂ နှစ်) ကပြောပါတယ်။

ဇော်ဇင်ခိုင်နဲ့အတူ တခြားတောင်တက်သမားတွေဖြစ်တဲ့ ပြည့်ဖြိုးအောင် (အသက် ၃၆ နှစ်)၊ အောင်ခိုင်မြင့် (အသက် ၃၂ နှစ်)တို့ လိုက်ပါကြမှာဖြစ်ပြီး ၄င်းတို့သုံးယောက်ဟာ မြန်မာပြည်အတွက် ဂုဏ်ဆောင်နိုင်ဖို့ ယခုလိုလုပ်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

“တောင်ထိပ်ရောက်တာနဲ့ မြန်မာနိုင်ငံတော်အလံကို ကျွန်တော်တို့လက်နဲ့ စိုက်ထူမယ်။”လို့ ဇော်ဇင်ခိုင်က ဆက်ပြောပါတယ်။

အဆိုပါတောင်တက်သမားသုံးယောက်ဟာ နီပေါနိုင်ငံသွားခဲ့သလို တောင်တက်နိုင်ဖို့၊၊ ရာသီဥတုဒဏ်ခံနိုင်ဖို့ ရန်ကုန်အားကစားခန်းမတစ်ခုမှာ လေ့ကျင့်ခန်းတွေလုပ်ခဲ့ကြပြီး ရာသီဥတုသာယာတာနဲ့ တောင်စတက်တော့မယ်လို့ သိရပါတယ်။