ယီမင်၌ ဘတ်စ်ကားတစ်စီး ဗုံးကြဲခံရပြန်သဖြင့် ကလေးငယ် ၄၀ ဦး ထပ်မံသေဆုံး

.

သြဂုတ် ၁၄ ။         ။ သူပုန်များ ကြီးစိုးရာ ယီမင်နိုင်ငံမြောက်ပိုင်းတွင် ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က ဘတ်စ်ကားတစ်စီးကို ထပ်မံပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ဒီကနေ့မှာ ကြေညာလိုက်တာဖြစ်ပါတယ်။

ဘတ်စ်ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ လူ ၅၁ ဦးအနက် ၄၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်၊ ကြာသာပတေးနေ့မှာလည်း ဘတ်စ်ကားတစ်စီး ဗုံးကြဲခံရတဲ့အတွက် ၂၉ ဦးသေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဆုံးသွားတဲ့ကလေးတွေအတွက် ဈာပနအခမ်းအနား ကျင်းပရာမှာ ယီမင်မြို့သားတွေဟာ အဆိုပါ ကလေးတွေရဲ့ ပုံတွေကို ကိုင်ပြီး ဆော်ဒီအာရေဗျနဲ့ အမေရိကတို့ကို မကျေနပ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။

အဆိုပါဈာပနာအခမ်းအနား ကျင်းပပြီးနောက်ပိုင်းမှာ ယခုလို အကြမ်းဖက်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က အဆိုပါလုပ်ရပ်တွေအတွက် ၀န်ခံပေမယ့် သူပုန်တွေကြောင့် ယီမင်ပြည်သူတွေပါ ထိခိုက်နစ်နာရတာပါလို့ ပြောခဲ့ပါတယ်။