ဝမ်းလျှောခြင်းကို အိမ်တွင် သက်သာစေရန် အကောင်းဆုံး နည်းလမ်းများ

.

ရေးသားသူ Zin Wai Yan Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ဝမ်းလျှောခြင်းသည် ဘဝတွင် အကြိမ်ရေများစွာ ခံစားရ သော ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ ဝမ်းလျှော ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်သော်လည်း အချိန်မီ သေချာမကုသပါက ဆိုးကျိုးများစွာ ဖြစ်စေနိုင်သည်။

ဝမ်းလျှောပါက ဆရာဝန်ညွှန်ကြားသော ဆေးများ သောက်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ထို့အပြင် ဝမ်းလျှောခြင်းကို သက်သာစေနိုင်သော အိမ်သုံးကုထုံးများစွာ ရှိပါသည်။
ရေဓာတ်ခန်းခြောက်ခြင်းကို ဖြေရှင်းပါ။

ဝမ်းလျှောခြင်းနှင့်တွဲသော အဖြစ်အများဆုံး ပြဿနာမှာ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်သည်။ ၎င်းကို သက်သာစေရန် အောက်ပါ အဆင့်များကို လိုက်နာပါ။

  •     ရေ သို့မဟုတ် sorbitol ကဲ့သို့ ရေဓာတ်ဖြည့်ပေးသော ဖျော်ရည်များ ပုံမှန်သောက်ပါ။
  •     သက်သာလာပါက ပျော့သောအစာများ စတင်စားပါ။ စပ်သော အစာများ သို့မဟုတ် အသီးများ မစားပါနှင့်။
  •     အနည်းဆုံး ၄၈ နာရီအတွင်း ကော်ဖီ သို့မဟုတ် အရက် သောက်ခြင်းရှောင်ပါ။
  •     ရောဂါလက္ခဏာများ အားလုံးပျောက်ပြီး အနည်းဆုံး ၃ရက်ကြာသည်အထိ နို့သောက်ခြင်းကို ရှောင်ပါ။ ဖြည့်စွက်စာအနေဖြင့် ဒိန်ခဲ၊ ဒိန်ချဉ်တော့ စားနိုင်သည်။

အလွယ်ဝယ်၍ရသော ဆေးများ ရှာပါ။

ဝမ်းလျှောခြင်းကို သက်သာစေသော အလွယ်ဝယ်၍ ရသော ဆေးများ ရှိပါသည်။ အောက်ပါ လမ်းညွှန်ချက်များကို ဂရုတစိုက် လိုက်နာပါ။

  •     ဝမ်းလျှောခြင်းကို ၆ နာရီကျော်ကြာ ခံစားရမှ အလွယ် ဝယ်၍ရသော ဝမ်းလျှောပျောက်ဆေးများကို သုံးပါ။
  •     သွေးဝမ်းသွားပါက၊ အပူချိန်ပုံမှန် မဟုတ်ပါက ( အလွန်နည်းခြင်း၊ အလွန်မြင့်ခြင်း) သို့မဟုတ် အခြား ရောဂါ လက္ခဏာများ ရှိပါက ထိုဆေးများကို မသုံးပါ နှင့်။
  •     ဆေးဘူးတွင်ပါသော လမ်းညွှန်ချက်များကို ဂရုတစိုက် လိုက်နာပါ။
  •     ဝမ်းသည် ပျစ်လာပါက ဆေးသောက်ခြင်းကို ရပ်ပါ။ ဝမ်းလျှောပြီးနောက် ဝမ်းပိတ်ခြင်း ဖြစ်လိမ့်မည်။

ထိုဆေးများတွင် အောက်ပါတို့ ပါဝင်သည်။

  •     ပျစ်ခဲစေသော အရည်များ။ ထိုအရည်များသည် ရေကို စုပ်ယူပြီး ဝမ်းကို ပိုမာလာစေသည်။
  •     ကြွက်သားများ ကျုံ့ခြင်းကို တားသော ဝမ်းလျှော ပျောက်ဆေးများ။ ထိုဆေးများသည် အူကြွက်သား များ ကျုံ့ခြင်းကို နှေးစေသည်။
  •     Probiotic ။ ၎င်းတို့သည် အစာခြေစနစ်တွင် သဘာဝ အတိုင်းရှိသော ကောင်းသော ဘတ်တီးရီးယားများ ဖြစ်သည်။ ဝမ်းလျှောပါက ထိုဘတ်တီးရီးယားများ ပမာဏ နည်းလာသည်။ ထိုဘတ်တီးရီးယားများ ထပ်ပေါင်းပေးခြင်းသည် အစာခြေခြင်းကို တိုးတက် ကောင်းမွန်စေသည်။

ဘယ်အချိန်မှာ ကျန်းမာရေးအကူအညီ ရှာရမလဲ။

အောက်ပါတို့ ဖြစ်ပါက ဆရာဝန်ထံမှ အကူအညီ ရယူပါ။

  •     လူနာသည် ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ပြပါက
  •     ၂၄ နာရီတွင် ဝမ်း ၁၀ ခါအထက် သွားလောက်အောင် ဆိုးရွားလာပါက
  •     အနက်ရောင် သို့မဟုတ် သွေးပါသော ဝမ်းများ သွားပါက
  •     လူနာသည် အဖျားတက်လာပါက
  •     ရောဂါ လက္ခဏာများ ပိုဆိုးလာပါက

ဝမ်းလျှောခြင်းကို ဘယ်လိုကာကွယ်မလဲ။

အစာအဆိပ်သင့်ခြင်းသည် ဝမ်းလျှောခြင်းကို ဖြစ်စေ သော အဓိကအကြောင်းရင်းဖြစ်သည်။ အစာ အဆိပ်သင့်ခြင်း မဖြစ်အောင် အောက်ပါအဆင့်များကို လိုက်နာပါ။

  •     ပိုးမွှားကင်းစင်သော နေရာတွင် အစားအစာများကို ပြင်ဆင်ပါ။
  •     ဈေးဝယ်ရာတွင် သတိထားပါ။
  •     ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သော ဘတ်တီးရီးယား များ သေစေသော အပူချိန်ဖြင့် အစာများကို ချက်ပြုတ်ပါ။
  •     အစားအစာများကို ဘူးတွင်ပါသော ညွှန်ကြားချက် အတိုင်း ချက်ပြုတ်ပါ။
  •     ကူးစက်နိုင်သော အရာများ မရှိသော အိုးခွက် များဖြင့် စားသုံးပါ။
  •         ပုပ်သိုးနေပြီဟု ထင်သော အစာများကို မစားပါနှင့်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။