မန်ယူ၏ကမ်းလှမ်းမှုနှစ်ကြိမ်ကို ရွန်နီပယ်ချခဲ့ဖူးဟု ဖာဂူဆန်ထုတ်ပြော

မန်ယူ၏ကမ်းလှမ်းမှုနှစ်ကြိမ်ကို ရွန်နီပယ်ချခဲ့ဖူးဟု ဖာဂူဆန်ထုတ်ပြော

စက်တင်ဘာ ၅၊ မန်ချက်စတာ။ ။ ရွန်နီသည် ၂၀၀၄ ခုနှစ်တွင် ပေါင် ၂၅ ဒသမ ၆ သန်းဖြင့် အဲဗာတန်အသင်းအား မစွန့်ခွာမီ မန်ယူ၏ကမ်းလှမ်းမှုကိုနှစ်ကြိမ်တိုင်ပယ်ချခဲ့ဖူးသည်ဟု နည်းပြ ဟောင်း ဖာဂူဆန်က ထုတ်ပြောလိုက်သည်။

အဲဗာတန်ယူ-၁၄ အသင်းနှင့်ကစားသည့်ပွဲတွင် မန်ယူအရန်နည်းပြ ဂျင်ရွိုင်ယန်က ထောက်ပြခဲ့ပြီးနောက် ရွန်နီကို မန်ယူအသင်းက ပထမဆုံး အကြိမ်အာရုံစိုက်လာခဲ့သည်။

"ဂျင်ရွိုင်ယန်က ယူ-၁၄အဆင့် အကယ်ဒမီပြိုင်ပွဲကပြန်လာပြီးနောက် ရွန်နီ ကိုတွေ့ခဲ့တယ်လို့ပြောခဲ့ပြီး ကျွန်တော်တို့ကလည်း အပြောင်းအ ရွှေ့ပိတ် ခါနီးဖြစ်လို့ ခေါ်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။

တစ်ပတ်ပဲအချိန်ရတဲ့အပြောင်းအရွှေ့ဈေးကွက်ဖြစ်ပြီး ကောင်လေးကို ကျွန်တော့်တို့ အကယ်ဒမီထံခေါ်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီတုန်းကကောင်လေးဟာ အဲဗာတန်ကိုချစ်တဲ့ပရိသတ်ဖြစ်နေလို့ အဲဗာတန်မှာပဲနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ ၁၆ နှစ်အရွယ်ရောက်တော့လဲ ထပ်ကမ်းလှမ်းသေးပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။ အဲဒီနောက်မှာတော့ အာဆင်နယ် ဘက်ကိုသူဂိုးသွင်းပြီးနောက် လူတိုင်းကသတိထား မိသွားကြတယ်။

အဲဒါက ဒီကောင်လေး ယူနိုက်တက်ကစားသမားဖြစ်ရမယ်လို့ ဂျင်ရွိုင်ယန်ပြောခဲ့တာကို အတည်ဖြစ်စေခဲ့ပါတယ်"ဟု ဖာဂူဆန်က ပြောသည်။

၂၀၀၄ ဖေဖော်ဝါရီတွင် အဲဗာတန်ကို ၄-၃ ဖြင့်ရှုံးသည့်ပွဲ၌ ရွန်နီလူစားဝင် လာသည့်အခိုက်အတန့်မှာ ၎င်းကိုခေါ်ယူရန်ဆုံးဖြတ်စေခဲ့သည့် အခိုက်အတန့်ဖြစ်စေခဲ့သည်ဟုလည်း ဖာဂူဆန်က ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly