ယူရိုခြေစစ်ပွဲမတိုင်မီ ဘူဒါပက်စ်မြို့တွင် ဟန်ဂေရီနှင့်ရိုမေးနီးယား ပရိသတ်များခိုက်ရန်ဖြစ်

ယူရိုခြေစစ်ပွဲမတိုင်မီ ဘူဒါပက်စ်မြို့တွင် ဟန်ဂေရီနှင့်ရိုမေးနီးယား ပရိသတ်များခိုက်ရန်ဖြစ်

စက်တင်ဘာ ၅၊ ဘူဒါပက်စ်။ ။ သောကြာညက ဘူဒါပက်စ်မြို့တွင်ကစားမည့် ယူရိုခြေစစ်ပွဲမတိုင်မီတွင် ဟန်ဂေရီနှင့် ရိုမေးနီးယားပရိသတ်များအကြားခိုက်ရန်ဖြစ်ပွားမှုခဲ့၍ ရဲတပ်ဖွဲ့မှ လူစုကွဲအောင်ဖြေရှင်းခဲ့ရသည်။

ပရိသတ်နှစ်ဖွဲ့အကြား ပုလင်းများ မီးကျည်များဖြင့်အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်စလုံးအထိနာခဲ့ရသည်။ အဆိုပါ ပရိသတ်များ အကြားယင်းသို့တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့်နှစ်အောက်တိုဘာလတွင် ရိုမေးနီးယားနှင့် ဟန်ဂေရီတို့ တွေ့ဆုံရာ၌ လည်း ဖြစ်ပွားခဲ့သေးသည်။

ရိုမေးနီးယားအသင်းသည် ယူရိုခြေစစ်ပွဲအုပ်စု (စ)တွင် အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပြီး ရှုံးပွဲမရှိသေးကာ ခုနစ်ပွဲကစား ၁၅ မှတ်ရအောင် စွမ်းဆောင်ထားသည်။ မြောက်အိုင်ယာလန်ဦးဆောင်နေသည့်ယင်းအုပ်စုတွင် ရိုမေးနီးယားကဒုတိယ၊ ဟန်ဂေရီက ရမှတ် ၁၂ မှတ်ဖြင့် တတိယနေရာ၌ ရှိနေသည်။

ဟန်ဂေရီနှင့် ရိုမေးနီးယားပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့သောကြောင့် ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးထိန်းသိမ်းမှုများရှိခဲ့သော်လည်း အရေအတွက်အတိအကျကိုမူ ရဲအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly