NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

Myanmar Idol Season 3 ကို ဆက်ကျင်းပပြီး Winner ကိုကြေညာမည်

.

ရန်ကုန်၊ သြဂုတ် ၁၀ ။    ။ Myanmar Idol Season 3 ကို  ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ ဆက်လက်ကျင်းပမည်သွားမည်ဟု Myanmar Idol တာဝန်ရှိသူများက သြဂုတ်လ ၁၀ ရက် ညပိုင်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုလိုက်သည်။

Myanmar Idol Season 3 ၏ Finalist ပြိုင်ပွဲဝင် အဆိုရှင် ချမ်းမြေ့မောင်ချိုသည် အာသီးယောင်ခင်း၊ တုပ်ကွးရောဂါဖြစ်ခြင်း၊ လေးဖက်နာ (ASO) တက်ခြင်းတို့ကြောင့် သြဂုတ်လ ၉ ရက်နေ့၊ ရန်ကုန်မြို့၊ သုခကမ္ဘာဆေးရုံမှာ တက်ရောက်ကုသနေခြင်းဖြစ်ပြီး ဆက်လက်ယှဉ်ပြိုင်၊ မပြိုင် မသိရသေးပေ။

လက်ရှိတွင် Finalist ဖြိုးမြတ်အောင် သာ ကျန်ရှိနေသေးပြီး ချမ်းမြေ့မောင်ချိုမှာ ဆက်လက်ယှဉ်ပြိုင်ရန် မသေချာသေးကြောင်း သိရသည်။

ထို့ကြောင့် လာမည့် သြဂုတ်လ ၁၁ ရက် ည ၇ နာရီ ရွှေထွဋ်တင်ကွင်းတွင် Myanmar Idol Season 3 ဖိုင်နယ်ပွဲကို ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး Season 3 Winner ကိုကြေညာမည်ဖြစ်ပြီး လတ်တလော အခြေအနေအရ ဖြိုးမြတ်အောင်က ပိုအားသာနေခြင်း ဖြစ်သည်။

ဖြိုးမြတ်အောင် သည် ဟင်္သာတမှ လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ချမ်းမြေ့မောင်ချိုသည် ရန်ကုန်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အကြိတ်အနယ်ယှဉ်ပြိုင်နေခြင်းဖြစ်သော်လည်း ချမ်းမြေ့မောင်ချို၏ ကျန်းမာရေးအခြေအနေအရ ပြိုင်ပွဲရပ်၊ မရပ် သတင်းများ ထွက်ပေါ်နေသည်။

ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ Myanmar Idol မှ တာဝန်ရှိသူများဖြစ်သော နန်းမောက်လောဝ်ဆိုင်၊ စိုင်းဇွမ်ဖတို့က လက်ရှိအခြေများကို ရှင်းလင်းခဲ့ကြပြီး ဥက္ကာဦးသာနှင့် ဒိုင်အချို့ တက်ရောက်ခဲ့သည်။