NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ပြည်သူအရည်အချင်းရှိမှ ကောင်းမွန်သည့်အစိုးရကို ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

.

 

ရန်ကုန်၊ သြဂုတ် ၁၀ ။            ။ ပြည်သူလူထု့အရည်အချင်းရှိပါက ပိုပြီးကောင်းမွန်သည့် အစိုးရကို ရရှိနိုင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်သည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာတွင် သြဂုတ်လ ၉ ရက်နေ့ကပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်း၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့အခွင့်အရေးတွေရှိရင် ကိုယ့်တာဝန်တွေကိုလည်းမမေ့ဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူလူထုအရည်အချင်းပြည့်ဝလို့ရှိရင် အရည်အချင်းမဲ့တဲ့ အစိုးရ တက်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ပြည်သူလူထုက ဆင်ခြင်တုံတရားရှိလေလေ အစိုးရတွေ ကောင်းလေလေပဲ” ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ပြည်သူလူထုအနေဖြင့် နိုင်ငံရေးကို သိဖို့လိုအပ်သည့်အပြင် ကိုယ်ယုံကြည်ရာဘက်မှ ရပ်တည်ရဲဖို့လည်း လိုအပ်သည်ဟု အတိုင်ပင်ခံက ထည့်သွင်းပြောဆိုခဲ့သည်။ထို့အပြင်  မမှားသည့်အစိုးရမရှိဘဲ အမှားကို ပြင်နိုင်ဖို့က အရေးကြီးသည်ဟုလည်းပြောဆိုခဲ့သေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးစကားဝိုင်းများကို ၂၀၁၇ ခုနှစ်မှ စတင်ကာ နေပြည်တော်တွင် ၂ ကြိမ်၊ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ၁ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ၁ ကြိမ်၊  ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၁ကြိမ်ဖြင့် စုစုပေါင်း ၅ ကြိမ် ကျင်းပခဲ့ဖူးသည်။

၂၀၁၈ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ၆ ကြိမ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့၌ ၇ ကြိမ်ကျင်းပခဲ့ပြီး ယခုကျင်းပသည့် ပခုက္ကူမြို့စကားဝိုင်းသည် ၈ ကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်သည်။

နောက်ထပ် ငြိမ်းချမ်းရေးစကားဝိုင်းတွေကို ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် တက္ကသိုလ် ကျောင်းသားများနှင့် ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။