ကူကီးလူမျိုးများ လူ့အခွင့်အရေးချိုးဖောက်ခံရသည့်ဟု ဆိုသော စာတမ်းကို မိတ်ဆက်

.

သြဂုတ် ၁၀။      ။စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်တွင် နေထိုင်သော ကူကီးလူမျိုးများအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုများကို လေ့လာပြုစုထားသည့်စာတမ်းကို မိတ်ဆက်ခဲ့သည်။

သြဂုတ် ၁၀ရက်တွင် Orchid ဟိုတယ်၌ အဆိုပါစာတမ်းမိတ်ဆက်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး တမူးဒေ သတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်သည့် မှတ်တမ်းတစ်ခုအဖြစ် ယခုစာ တမ်းကို ပြုစုထုတ်ဝေရခြင်းဖြစ်ကြောင်း ကူကီးလူငယ်ကွန်ရက်မှ ဥက္ကဋ္ဌ ကိုဆေးဂင် ကပြောသည်။

"တမူးဒေသမှာ သစ်ထုတ်လုပ်မှုတွေ၊ ကူကီးသမိုင်းတွေ၊ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ သက်ငယ်မုဒိန်းမှုတွေ ရှိနေတယ်။ ဒါကိုကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ရွာဝင်တစ်ရွာထွက် စစ်တမ်းလေးကောက်ပြီးမှ ကျွန် တော်တို့မှတ်တမ်းလေးတော့ ထားဖို့သင့်တယ်။ နောင်တစ်ချိန်မှာ တစ်ခုခုချပြလို့ရတယ်ဆိုပြီး ဒီစာအုပ်ကို ထုတ်ဖြစ်သွားတာဖြစ်ပါတယ်" ဟု ၄င်းကပြောသည်။

ယခု အစီရင်ခံစာသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းတွင် ကူကီးလူမျိုးများအပေါ်ဖြစ်ပေါ်နေသည့် လူ့အ ခွင့်အရေးချိုးဖောက်မှုများနှင့်ခွဲခြား ဆက်ဆံခံနေရမှုများကို ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ကူကီးလူမျိုးများ ကိုတိုင်ရင်းသား ၁၃၅မျိုး၌ ထည့်သွင်းထားခြင်းမရှိကြောင်း အစီရင်ခံစာစာတမ်းတွင် ဖော်ပြထားသည်။

"အဓိကတော့ အမေ့ဖျောက်ခံနေရတဲ့ ကျွန်တော်တို့ရဲ့ Identity ကို အစိုးရအနေနဲ့ အသိအမှတ်ပြုပေးပါလို့ တောင်းဆိုချင်တယ်။ ဘာလို့လဲဆိုရင် သန်းခေါင်စာရင်း ၁၃၅မျိုးမှာလဲ မထည့်ထားဘူး။ သမိုင်းကျောင်းအရ ကျွန်တော်တို့ သမိုင်းတွေစာတွေမှာတော့ရှိတာပေါ့။ ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော်တို့လူငယ်တွေ ၁၃၅မျိုးမှာ လည်းမပါပါလားဆိုပြီး စိတ်ဓာတ်ကျနေတယ်" ဟု ကိုဆေးဂင် ကပြောသည်။

လက်ရှိတွင် ကူကီးလူမျိုးများသည် လူမျိုးရေးအရ အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေပြီး အမျိုးသမီးများ အခွင့်အရေးချိုးဖောက်မှုများခံနေရကြောင်း ကူကီးလူငယ်ကွန်ရက် အကြံပေးဦးထန်ဆေး ကပြောသည်။

"လူမျိုးရေးအရချိုးဖောက်ခံရတာရှိသလို အမျိုးသမီးတွေသက်ငယ်မုဒိန်းကအစချိုးဖောက်ခံရတာတွေရှိပါ တယ်။ လူမျိုးရေးအရ ကိုယ့်ရဲ့လူမျိုးနဲ့ပတ်သတ်တဲ့ စာပေယဉ်ကျေးမှုကအစ ကူကီးစာပေယဉ်ကျေးမှုနဲ့ ထုတ်ဝေ တဲ့စာပေဟာ ဒီနေ့အထိအစိုးရမှာ အသိပြုခြင်းမခံရဘူး။ သင်ကြားခွင့်မရသေးဘူး" ဟု ဦးထန်ဆေး ကပြော သည်။

ယခုပြုစုထားသည့်အစီရင်ခံစာ စာတမ်းကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သက်ဆိုင်ရာအစိုးရ အဖွဲ့နှင့် ဌာနအသီးသီးကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။