စင်ကာပူ နိုင်ငံတွင် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်နေသည့် အလှမယ် ခင်မေခ

စင်ကာပူ နိုင်ငံတွင် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်နေသည့် အလှမယ် ခင်မေခ

ရန်ကုန်၊ စက်တင်ဘာ ၅ ။ ။ စင်ကာပူ နိုင်ငံတွင် စက်တင်ဘာ ၆ရက် နှင့် ၇ရက်တွင် ကျင်းပတော့မည့် Miss Jewel Princess ပြိုင်ပွဲအတွက် အလှမယ် ခင်မေခသည် စင်္ကာပူ နိုင်ငံတွင် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။

Miss Jewel Princess ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် Style Plus H သင်တန်းကျောင်းမှ ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲသည် လက်ရှိ ကျင်းပနေသည့် အလှမယ် ပြိုင်ပွဲ ပုံစံမျိုး မဟုတ်ဘဲ ၎င်းတို့၏ လက်ဝတ် ရတနာများကို ဝတ်ဆင်ပြီး ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတစ်ခု ဖြစ်သလို ထိုပြိုင်ပွဲတွင် အလှမယ် ခင်မေခမှ တန်ဖိုးကြီး လက်ဝတ် ရတနာများ ဆင်မြန်းထားသည့် ဝတ်စုံဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

အသက် ၁၉နှစ်အရွယ် အလှမယ် ခင်မေခသည် MIS (Myanmar International School) ကျောင်းဆင်း တစ်ဦး ဖြစ်ကာ Laurel Art Academy ၏ သင်တန်းကျောင်းဆင်း တစ်ဦး ဖြစ်သည်။

Miss Jewel Princess ပြိုင်ပွဲတွင် စက်တင်ဘာ ၆ရက်၌ နိုင်ငံကိုယ်စားပြု ဝတ်စုံဖြင့် လက်ဝတ်ရတနာများ ဝတ်ဆင် ပြသရမည် ဖြစ်သလို စက်တင်ဘာ ၇ရက်တွင် ညနေခင်း ဝတ်စုံ ဖြင့် တို့ကို လက်ဝတ်ရတနာများ ဝတ်ဆင် ပြသရမည် ဖြစ်သည်။

Miss Jewel Princess ပြိုင်ပွဲ အတွက် လိုအပ်သည့် ဝတ်စုံ၊ သင်ကြားမှု ပိုင်းများကို သြဂုတ်လတွင် စတင်ပြီး Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းမှ သင်ကြား ပေးထားသလို အလှမယ် ခင်မေခမှ ကျောက်မျက်ရတနာများ နှင့် ပတ်သက်သည်များကို လေ့လာမှုများ ပြုလုပ်သွားသည်။

အလှမယ် ခင်မေခသည် အသက် ၁၉နှစ် ရှိပြီး MIS (Myanmar International School) ကျောင်းဆင်း တစ်ဦး ဖြစ်ပြီး Laurel Art Academy ၏ သင်တန်း ကျောင်းဆင်း တစ်ဦးလည်း ဖြစ်သည်။ ပြိုင်ပွဲ အတွက် National costume ကို ဒီဇိုင်နာ ဖြိုးပြည့်မှ စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ပြီး ညနေခင်းဝတ်စုံ အတွက် ကိုတော့ ဒီဇိုင်နာ မဇာနည်မှ စီစဉ် ချုပ်လုပ်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly