နိုင်ငံတော်အတိုင်ပင်ခံအား ကိုယ်တိုင် တိုင်ကြားစာပေးခဲ့သူ၏ ခင်ပွန်းကို ပုဒ်မ ၁၀ဖြင့် စွဲချက်တင်

နိုင်ငံတော်အတိုင်ပင်ခံအား ကိုယ်တိုင် တိုင်ကြားစာပေးခဲ့သူ၏ ခင်ပွန်းကို ပုဒ်မ ၁၀ဖြင့် စွဲချက်တင်

သထုံ၊ သြဂုတ်၊ ၈            ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ရေဘေးသင့်ပြည်သူများ ထောက်ပံ့ ကူညီရေးခရီးစဉ်တွင် အတိုင်ပင်ခံ၏ လက်သို့ ကိုယ်တိုင် တိုင်ကြားစာပေးခဲ့သူ ဒေါ်မိုးသီတာအောင်၏ခင်ပွန်း ဦးအောင်ကိုကိုလွင်ကို  သြဂုတ်လ ၇ ရက်က သထုံမြို့နယ်တရားရုံးက ပုဒ်မ ၁၀ဖြင့် စွဲချက်တင်လိုက်သည်။

" ကိုအောင်ကိုကိုလွင်ကို စွဲချက်တင်လိုက်ပါပြီ။ နိုင်ငံသားများရဲ့လုံခြုံမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀နဲ့ပါ"ဟု ဦးအောင်ကိုကိုလွင်၏အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးမျိုးဝင်းက ပြောသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက်က သထုံမြို့ သုဝဏ္ဏခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် သထုံဒေသခံပြည်သူတို့ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်အေးဇံက ဟင်းတစ်မယ်လျှော့စားရန်၊ ခြိုးခြံချွေတာရန် ပြောခဲ့ခြင်းအပေါ် ဦးအောင်ကိုကိုလွင်က ဖေ့ဘွတ်ပေါ်တွင် ရေးသားခဲ့သောကြောင့် ဝန်ကြီးချုပ်၏ လွတ်လပ်စွာပြောဆိုခွင့်အ တွက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် "နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ဖြင့်" သထုံမြို့နေ မွန်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာအဖွဲ့ဝင် ဦးစောကျော်မိုးက တရားလို ပြုလုပ် ၍ မွန်ပြည်နယ် အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများကွန်ရက်မှ သထုံအရပ်ဖက် အခြေပြု လူမှုအဖွဲ့အစည်း များ ကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ဦးအောင်ကိုကိုလွင်အား ၈ (စ)- နိုင်ငံသားများ၏ ပုဂ္ဂိူလ်ဆိုင်ရာ လုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

" ပြည်သူတွေ လွတ်လပ်စွာ ပြောဆိုရေသားခွင့်ရှိသလို ဝန်ကြီးချုပ်တွေမှာလည်း ကိုယ်ယုံကြည်ထင်မြင်မှုကို လွတ်လပ်စွာ ပြောဆိုခွင့် ရှိပါတယ်။ ကျွန်တော့ အထင်ပေါ့။ ခြိုးခြံစေချင်လို့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အဲဒီ (ဟင်းတစ်မယ်လျှော့စား)စကား ပြောလိုက်တာပါ။ အောင်ကိုကိုလွင်ရဲ့ စကားတွေ(post နဲ့ comment တွေ)က သရော်တဲ့စကားတွေ ပုဂ္ဂိုလ်ရေး ထိခိုက်ပုတ်ခတ်တဲ့ စကားတွေ။ စကားလုံးတိုင်းမှာ လိုက်ပြီး ပိတ်ပင်ခံနေရ မယ်ဆိုရင် နောက်လူထုတွေ့ဆုံပွဲမျိူး တွေမှာ ဝန်ကြီးချုပ်က သူ့ ယုံကြည်ထင်မြင်ချက်တွေကို လွတ်လွတ် လပ်လပ် ပြောရဲပါတော့မလား၊   ပြောဖို့မဖြစ်နိုင်တော့ဘူး။ အဲဒီ အခါမျိုးမှာ ၈(စ)- နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်ပေးရေး ဥပဒေအရ သက်ဆိုင်ရာဌာန တွေကို တိုင်ကြားလို့ ရပါတယ်။ ဒါကို ကျွန်တော်တို့က ဝင်ပြီး ထိန်းကျောင်းပေးရမယ်။ ပုဂ္ဂိုလ်ရေး မပါပါဘူး"ဟု တရားလို ဦးစောကျော်မိုးက ပြောသည်။

ဦးအောင်ကိုကိုလွင်ဘက်ကမူ တရားလိုသည် ၎င်းကို ၆၆ (ဃ) နှင့် တရားစွဲဆိုခဲ့ဖူးပြီး ပုဂ္ဂိုလ်ရေးမုန်းတီးမှုဟု ပြောသည်။

"ကျွန်တော့ကို ပုဒ်မ ၁၀နဲ့ စွဲချက်တင်လိုက်ပြီ။ ကျွန်တော် တောင်းဆိုခဲ့တာ ကျွန်တော့်ဒေသ ပြည်သူတွေ အတွက်ပါ။ကျွန်တော်မှာ အပြစ်မရှိပါဘူး။ ကိုယ့်မြို့ဖွံဖြိုးရးအပေါ် အာရုံစိုက်လာအောင် တွန်းအားပေး ရေးတာ တွေပဲ ရှိပါတယ်။ ပုတ်ခတ်ရေးသားတာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်တွင် ဦးအောင်ကိုကိုလွင်ဘက်မှ  ဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲမှာ ဒေသလိုအပ်ချက် တင်ပြလာသူများကို Saw Kyaw Moe, ဖေ့ဘွတ်အကောင့်ကနေ ခွေးအုပ်ကြီးနဲ့ ခိုင်းနှိုင်းပြီး ပို့စ်တင်ထားသောကြောင့်  ပုဒ်မ ၁၀ ဖြင့် အပြန်အလှန်စွဲဆိုထားသည်။

“ ကျွန်တော်တို့ နှစ်ယောက် အပြန်အလှန်တရားစွဲဆိုကြတာ ၁၀ ရက်သာကွာပေမယ့် ကျွန်တော်က ရက် ၇၀ ကျော်အချုပ်သားဘဝကနေ အခု စွဲချက်တင်ခံနေရပြီ။ ကျွန်တော်စွဲတဲ့ အမှုကျတော့ သေသေချာချာ အဖြေ မသိရသေးဘဲ ဖြစ်နေတယ်။ဒါကို စဉ်းစားပေးကြပါ။ ဒီမိုကရေစီ အပြောင်းအလဲကာလမှာ တရားရေးမဏ္ဍိုင်ဟာ တည့်မတ်ပါရဲ့လား၊ တရားဥပဒေဆိုတာ အောက်ခြေပြည်သူတွေကို နှိပ်ကွပ်ဖို့လား၊  ကျွန်တော်တို့ ပြည်သူတွေဟာ အပြောင်းအလဲကိုသာ လိုချင်ပါတယ်။ ဗလောင်းဗလဲကို မလိုချင်ပါဘူး'ဟု ဦးအောင်ကိုကိုလွင်က ပြောသည်။

“ ကျွန်တော်တို့ နှစ်ယောက် အပြန်အလှန်တရားစွဲဆိုကြတာ ၁၀ ရက်သာကွာပေမယ့် ကျွန်တော်က ရက် ၇၀ ကျော် အချုပ်သားဘဝကနေ အခု စွဲချက်တင်ခံနေရပြီ။ ကျွန်တော်စွဲတဲ့ အမှုကျတော့ သေသေချာချာ အဖြေ မသိရသေးဘဲ ဖြစ်နေတယ်။ဒါကို စဉ်းစားပေးကြပါ။ ဒီမိုကရေစီ အပြောင်းအလဲကာလမှာ တရာရေးမဏ္ဍိုင်ဟာ တည့်မတ်ပါရဲ့လား၊ တရားဥပဒေဆိုတာ အောက်ခြေပြည်သူတွေကို နှိပ်ကွပ်ဖို့လား၊  ကျွန်တော်တို့ ပြည်သူ တွေဟာ အပြောင်းအလဲကိုသာ လိုချင်ပါတယ်။ ဗလောင်းဗလဲကို မလိုချင်ပါဘူး'ဟု ဦးအောင်ကိုကိုလွင်က ပြောသည်။

အဆိုပါ အခင်းပြဿနာနှင့်စပ်လျဉ်း၍ မြို့ခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများအချို့ထံမှ ၎င်း ဦးစောကျော်မိုးနှင့် ဦးအောင်ကိုကိုလွင်တို့ နှစ်ဦးကို သင့်သင့်မျှမျှပင်ဖြစ်စေချင်လိုကြကြောင်း သိရသည်။

"အမှား အမှန်ကိုတော့ တရားရုံးက ဆုံးဖြတ်မှာပေါ့။နှစ်ယောက်လုံးဟာ ဒေသအတွက် အလုပ်လုပ်နေကြတဲ့ သူတွေပဲ။ သင့်သင့်မျှမျှပဲ ဖြစ်စေချင်တယ်။ တစ်ယောက်ယောက်နစ်နာရင် ဒီမြို့ပဲ နစ်နာတယ်"ဟု မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက် စေ့စပ်ညှိနှိုင်းရေးမှူး ဦးမင်းအောင်ထူးကပြောသည်။

ဦးအောင်ကိုကိုလွင်ကို ဆယ်ကြိမ်မြောက်ရုံးထုတ်တွင် ပုဒ်မ ၁၀ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး ယခုလာမည့် သြဂုတ်လ ၁၄ ရက်တွင် တရားလို ဦးစောကျော်မိုးနှင့် တရားလိုပြသက်သေ ဦးဝင်းမောင် (မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ)တို့ကို ပြန်လည်ခေါ်ယူစစ်မည်ဟု သိရသည်။

အဆိုပါ ဦးအောင်ကိုကိုလွင်၏ ရုံးထုတ်နေ့များတွင် ကျိုက်ထို ဘီးလင်း သထုံ ပေါင် မော်လမြိုင် မုဒုံမြို့များမှ အရပ်ဖက် လူမှုအဖွဲ့အစည်းများက ဦးအောင်ကိုကိုလွင်ကို လာရောက်အားပေးလျက်ရှိကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

ဒေါ်မိုးသီတာအောင်၏ ခင်ပွန်း ဦးအောင်ကိုကိုလွင်သည် ယခု သထုံအကျဉ်းထောင်၌ ပုဒ်မ ၈(စ)ဖြင့် သထုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံ အမှုဆိုင်နေရသည့်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၏ ဇူလိုင်လ ၂၆ ရက် ဘားအံရေဘေးသင့် ပြည်သူများအား ကူညီစောင့်ရှောက်ရေးခရီးစဉ်တွင် လုံခြုံရေးများတားဆီးသည့်ကြားမှ အတင်းတိုးဝှေ့၍ တိုင်ကြားစာတစ်စောင်ကို ကိုယ်တိုင်ပေးအပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly