My Own Planet အမည်ဖြင့် ပန်းချီပြပွဲကျင်းပ

My Own Planet အမည်ဖြင့် ပန်းချီပြပွဲကျင်းပ

ရန်ကုန်၊သြဂုတ်လ ၇ ။           ။ Tattoo Artists တစ်ယောက်လည်းဖြစ်သလို Street Artists တစ်ယောက်လည်းဖြစ်တဲ့ ကိုဝေယံထက်မောင် (kevo) က My Own Planet  အမည်နဲ့ ပန်းချီပြပွဲတစ်ခုကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ဆရာစံလမ်းနှင့် ပြည်ထောင်စုလမ်းသွယ်ရှိ No 2 Art Area တွင် ပြသခဲ့ပါတယ်။

ပန်းချီကားတွေကို ရေးဆွဲရာမှာ ကမ္ဘာကြီး ပျက်သွားရင်တောင် အလှတရားဆိုတာ ကျန်နေသေးတယ် ဆိုတဲ့စိတ်ကူးနဲ့ ရေးဆွဲဖြစ်ခဲ့တယ်လို့လည်း ကိုဝေယံထက်မောင် (kevo)  ပြောပါတယ်။

“ ကျွန်တော်ငယ်ငယ်လေးထဲက ပွဲတစ်ပွဲလုပ်ချင်ခဲ့တာပါ။ တစ်ကိုယ်တော်ပွဲလေးပေါ့။ အဲ့တော့ အဲ့ပွဲလေးကို အကောင်အထည်ဖေါ်လိုက်တဲ့ ပုံစံမျိုးလေးပါ။ကမ္ဘာကြီးပျက်သွားရင်တောင်မှ အလှတရားဆိုတာရှိတယ်ပေါ့။ အလှတရားကိုရှာလို့ရတယ်ပေါ့။ ကျွန်တော် ပန်းချီကားတွေ အရှေ့ဘက်က Mood ကတော့ ဆွေးဆွေးမြေ့မြေ့လေး အနောက်ကကောင်းကင်ကြီးကလှနေတယ်ဆိုတဲ့ ပုံစံမျိုး Starry Night မျိုးလေးရေးထားတာပါ။ " လို့ ကိုဝေယံထက်မောင် (ခေါ်) Kevo ကပြောပါတယ်။

သူဟာ ပန်းချီကားတွေကို မှုတ်ဆေးဗူးဆေးများဖြင့် အသုံးပြုရေးဆွဲခဲ့ပြီး အဆိုပါပန်းချီပြပွဲကို သြဂုတ်လ ၅ရက်နေ့ကနေ ၁၀ရက်နေ့ထိ ပြသသွားမှာဖြစ်ပါတယ်။ ပန်းချီတွေကို အနုပညာဝါသနာ အရ ရေးဆွဲ ဖြစ်ခဲ့တာဖြစ်လို့ ပန်းချီကားတွေကို ဈေးနှုန်းသတ်မှတ်ရောင်းချခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။ ယင်းပြပွဲမှာ ပန်းချီကား ၁၈ကားပြသထားတာပြီး အခြား Stretch Book ပန်းချီလက်ရာတွေလည်းပြသထားမှာ လည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly