ရန်ကုန်၊သြဂုတ်လ ၇ ။ ။ Tattoo Artists တစ်ယောက်လည်းဖြစ်သလို Street Artists တစ်ယောက်လည်းဖြစ်တဲ့ ကိုဝေယံထက်မောင် (kevo) က My Own Planet အမည်နဲ့ ပန်းချီပြပွဲတစ်ခုကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ဆရာစံလမ်းနှင့် ပြည်ထောင်စုလမ်းသွယ်ရှိ No 2 Art Area တွင် ပြသခဲ့ပါတယ်။
ပန်းချီကားတွေကို ရေးဆွဲရာမှာ ကမ္ဘာကြီး ပျက်သွားရင်တောင် အလှတရားဆိုတာ ကျန်နေသေးတယ် ဆိုတဲ့စိတ်ကူးနဲ့ ရေးဆွဲဖြစ်ခဲ့တယ်လို့လည်း ကိုဝေယံထက်မောင် (kevo) ပြောပါတယ်။
“ ကျွန်တော်ငယ်ငယ်လေးထဲက ပွဲတစ်ပွဲလုပ်ချင်ခဲ့တာပါ။ တစ်ကိုယ်တော်ပွဲလေးပေါ့။ အဲ့တော့ အဲ့ပွဲလေးကို အကောင်အထည်ဖေါ်လိုက်တဲ့ ပုံစံမျိုးလေးပါ။ကမ္ဘာကြီးပျက်သွားရင်တောင်မှ အလှတရားဆိုတာရှိတယ်ပေါ့။ အလှတရားကိုရှာလို့ရတယ်ပေါ့။ ကျွန်တော် ပန်းချီကားတွေ အရှေ့ဘက်က Mood ကတော့ ဆွေးဆွေးမြေ့မြေ့လေး အနောက်ကကောင်းကင်ကြီးကလှနေတယ်ဆိုတဲ့ ပုံစံမျိုး Starry Night မျိုးလေးရေးထားတာပါ။ " လို့ ကိုဝေယံထက်မောင် (ခေါ်) Kevo ကပြောပါတယ်။
သူဟာ ပန်းချီကားတွေကို မှုတ်ဆေးဗူးဆေးများဖြင့် အသုံးပြုရေးဆွဲခဲ့ပြီး အဆိုပါပန်းချီပြပွဲကို သြဂုတ်လ ၅ရက်နေ့ကနေ ၁၀ရက်နေ့ထိ ပြသသွားမှာဖြစ်ပါတယ်။ ပန်းချီတွေကို အနုပညာဝါသနာ အရ ရေးဆွဲ ဖြစ်ခဲ့တာဖြစ်လို့ ပန်းချီကားတွေကို ဈေးနှုန်းသတ်မှတ်ရောင်းချခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။ ယင်းပြပွဲမှာ ပန်းချီကား ၁၈ကားပြသထားတာပြီး အခြား Stretch Book ပန်းချီလက်ရာတွေလည်းပြသထားမှာ လည်းဖြစ်ပါတယ်။