Miss Myanmar International 2018 သရဖူဆုရှင် မေယုခတ္တာ

Miss Myanmar International 2018 သရဖူဆုရှင် မေယုခတ္တာ

 

ရန်ကုန်၊သြဂုတ် ၆ ရက် ။            ။ Miss Myanmar International 2018 သရဖူဆုရှင် မေယုခတ္တာ နဲ့ Title ဆုရ အလှမယ်များ မိတ်ဆက်ပွဲကို ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်မြို့ Novotel Hotel မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

အဆိုပါ အလှမယ်များ မိတ်ဆက်ပွဲကို Stellar Seven Entertainment ကနေ ကျင်းပတာဖြစ်ပြီး Myanmar Tourism Federation က ပံ့ပိုးကူညီတာလည်းဖြစ်ပါတယ်။

Miss Myanmar International 2018 မှာ သရဖူဆုရရှိတဲ့ အလှမယ် မေယုခတ္တာဟာ စတင်ဘာလမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Gouldian Pageant Training မှာ သွားရောက်လေ့ကျင့်မှာ လည်းဖြစ်ပါတယ်။ နိုဝင်ဘာလ မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ မှာကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကြီးကိုလည်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Miss Myanmar International 2018 ပြိုင်ပွဲတွင် ဆုရရှိခဲ့တဲ့ အလှမယ် ၆ ဦးလုံးကို ဆုများ ပေးအပ်ခဲ့ပြီး သရဖူဆုရှင်အနေနဲ့ ဆုငွေ မြန်မာငွေကျပ် သိန်း ၁၀၀ ၊ First Runner Up ဆုရှင်ကို မြန်မာငွေကျပ် သိန်း ၆၀ ၊ Second Runner Up ဆုရှင် ကို မြန်မာငွေကျပ်သိန်း ၄၀ အပြင် အခြား ဆုရရှိသော အလှမယ်များကို Stellar Seven Entertainment မှ ဆုငွေများကို အသီးသီးပေးအပ်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly