ပြန်ပေးဆွဲခံထားရသူများအား ကယ်တင်ရန် လစ်ဗျားသို့ ဖိလစ်ပိုင်စစ်သင်္ဘောပို့လွှတ်

ပြန်ပေးဆွဲခံထားရသူများအား ကယ်တင်ရန် လစ်ဗျားသို့ ဖိလစ်ပိုင်စစ်သင်္ဘောပို့လွှတ်

သြဂုတ် ၆ ။             ။ ပြီးခဲ့တဲ့တစ်လက ပြန်ပေးဆွဲခံရတဲ့ ဖိလစ်ပိုင်အလုပ်သမား ၃ယောက်နဲ့ ကိုရီးယားအလုပ်သမား တစ်ယောက်ကို ကယ်တင်ဖို့အတွက် ဒီကနေ့တနင်္လာနေ့မှာ ဖိလစ်ပိုင်ရေတပ်က လစ်ဗျားကို စစ်သင်္ဘောတစ်စင်းပို့ဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

လစ်ဗျားမှာရှိတဲ့ အယ်ဟက်စ်ဝနာစက်ရုံ၊ ဟိုက်ဒြောလစ်စီမံကိန်းလုပ်သားတွေကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဇူလိုင်လ ၆ ရက်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဆိုပါလုပ်သားတွေထဲမှာ လစ်ဗျားဒေသခံနှစ်ဦးပါဝင်ခဲ့ပါတယ်။

အဆိုပါလစ်ဗျားဒေသခံနှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာပြီဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့လုပ်သားတွေဟာ လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာဂတ်တဖီရဲ့ မြစ်ကြောင်းတည်ဆောက်ရေး စီမံကိန်းမှာ လုပ်ဆောင်ခဲ့ဖူးတဲ့လူတွေဖြစ်ပါတယ်။    

အလုပ်သမားတွေကို ပြန်လည်ကယ်တင်ရာမှာ လစ်ဗျားနဲ့ပူးပေါင်းဖို့ တောင်ကိုရီးယားဘက်က စစ်သင်္ဘောတစ်စင်းပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required