ICC ဖလားပွဲမှာ ဂျူဗင်တပ်စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားတဲ့ ရီးရဲလ် မက်ဒရစ်

ICC ဖလားပွဲမှာ ဂျူဗင်တပ်စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားတဲ့ ရီးရဲလ် မက်ဒရစ်

သြဂုတ် ၅ ။        ။ ယမန်နေ့ သြဂုတ် ၄ ရက်က ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ICC ဖလားပွဲစဉ်တစ်ပွဲမှာတော့ စပိန်နာမည်ကြီး ရီးရဲလ် မက်ဒရစ် အသင်းက အီတလီထိပ်သီး ဂျူဗင်တပ်စ် အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ရာသီအကြို ပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်တဲ့ ယင်းပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်အသင်းမှာ နာမည်ကြီး ကစားသမား စီ ရိုနယ်လ်ဒိုတော့ မပါဝင်ခဲ့ပါဘူး။

စီ ရိုနယ်လ်ဒိုကတော့ မကြာသေးခင်ကမှ ရီးရဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းစီ ပြောင်းရွှေ့ထားခဲ့သူလည်း ဖြစ်ပါတယ်။

ယမန်နေ့ ICC ပွဲစဉ်မှတော့ ပွဲအစပိုင်းမှာ ရီးရဲလ်ဘက်က ဒန်နီ ကာဗာဂျယ်လ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ ဂျူဗင်တပ်စ်အသင်းက စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၉ မိနစ်မှာ ဂျရတ် ဘေးလ်က ချေပဂိုး ပြန်သွင်းသွားခဲ့လို့ ပထမပိုင်းအပြီးမှာ တစ်ဘက် တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးရဲလ်ဘက်က လူငယ်ကြွယ်ပွင့် အဆန်စီယိုက နှစ်ဂိုး သွင်းပြီး ပွဲပြီးချိန်မှာ ရီးရဲလ်က ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး တစ်ဂိုး ရလဒ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly