ခရီးသွားသံတမန် ဖြစ်လာနိုင်တဲ့ အောင်လအန်ဆန်

ခရီးသွားသံတမန် ဖြစ်လာနိုင်တဲ့ အောင်လအန်ဆန်
ဓာတ်ပုံ - သက်ကို

 

 

သြဂုတ် ၄ ။            ။ အောင်လအန်ဆန်ကို ခရီးသွားသံတမန်ခန့်အပ်ဖို့ အကြမ်းဖျဉ်းသဘောတူထားပြီးပြီလို့ သိရပါတယ်။

"ဝမ်းသာစရာသတင်းကောင်းပါးချင်တာကတော့ ကျွန်တော့်ကို ခရီးသွားသံတမန်အဖြစ်နဲ့ခန့်အပ်ဖို့ အကြမ်းဖျဉ်းသဘောတူထားပြီဆိုတာပါပဲ။ ဒီအတွက်ကျေးဇူးတင်ရပါတယ်။ ကျွန်တော်တို့နိုင်ငံအနာဂတ်အတွက် တကယ့်ကို စိတ်လှုပ်ရှားပါတယ်။"  လို့ အောင်လအန်ဆန်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဟိုတယ်ခရီးဝန်ကြီးဦးအုန်းမောင်နဲ့ ထင်မှတ်မထားပဲ မနက်စာတူတူစားခွင့်ရခဲ့တယ်လို့လည်း သူက သြဂုတ်လ ၄ ရက် မနက်ပိုင်းက လူမှုကွန်ရက်မှာ ဓာတ်ပုံတစ်ပုံ တင်ထားခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ဇွန်လ ၂၉ ရက်က စိန်ခေါ်သူ ကန်ဟာဆီဂါဝါကို  ၅ ချီတိုင်တိုင် ယှဉ်ပြိုင်ထိုးသတ်ပြီးနောက် အောင်လအန်ဆန်က သူ့ရဲ့ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ပြီး ချန်ပီယံဆုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly