ပက်ဒရိုရဲ့ စာချုပ်ကို ချယ်လ်ဆီးအသင်း နောက်ထပ် တစ်နှစ် သက်တမ်းတိုး

ပက်ဒရိုရဲ့ စာချုပ်ကို ချယ်လ်ဆီးအသင်း နောက်ထပ် တစ်နှစ် သက်တမ်းတိုး
(ဓာတ်ပုံ - အီးပီအေ)

စပိန်ဘယ်တောင်ပံကစားသမား ပတ်ဒရိုဟာ ချယ်လ်ဆီးအသင်းနဲ့ ၎င်းရဲ့ စာချုပ်ကို ၂၀၂၀ ခုနှစ်အထိ သက်တမ်းတိုးခဲ့တယ်လို့ အင်္ဂလန်ကလပ်က သောကြာနေ့က ကြေညာခဲ့ပါတယ်။

အသက် ၃၁ အရွယ်ကစားသမားဟာ ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းကနေ စတန်းဖို့ ဘရစ်ချ်ဆီ ပြောင်းရွှေ့ခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

“ချယ်လ်ဆီးအသင်းနဲ့ ရှေ့ဆက် သွားရမယ်ဆိုတာက ကျနော်အတွက် အရေးပါတဲ့ အရာပါ။။ ဒီနေရာမှာ အဆင်ပြေနေပြီး အမှတ်ပေးချန်ပီယံနဲ့ ဖလားတွေ ဆွတ်ခူးလိုပါတယ်။”လို့ ပက်ဒရိုက ကလပ်အသင်းရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပြောထားပါတယ်။

“ကျနော် ဂိုးတွေသွင်းရင်း အသင်းကို ကူညီလိုပါတယ်။ ထပ်ခါထပ်ခါ ပြောရမယ်ဆို ကျနော် တကယ် ပျော်ရွှင်မိပါတယ်။”လို့ သူက ထည့်သွင်းပြောဆိုပါတယ်။

ပက်ဒရိုဟာ ချယ်လ်ဆီးအသင်းနဲ့ ၃ ရာသီအတွင်း ၁၃၁ ပွဲကစားခဲ့ပြီး ၂၈ ဂိုး သွင်းယူခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required