အမေရိကန်သမ္မတ Donald Trump ကြောင့် ပေါ်တူဂီပြောင်းနေမည့် အဆိုတော် Madonna

အမေရိကန်သမ္မတ Donald Trump ကြောင့် ပေါ်တူဂီပြောင်းနေမည့် အဆိုတော် Madonna

သြဂုတ် ၃ ။            ။ အမေရိကန်သမ္မတ Donald Trump မရှိတဲ့ ပေါ်တူဂီနိုင်ငံကိုပဲ ပြောင်းတော့မယ်လို့ Manhattan မြို့မှာ နေထိုင်လျက်ရှိတဲ့ အဆိုတော် Madonna က Vogue Italia ကိုပြောပါတယ်။

“ကျွန်မတို့ ပြောင်းဖို့ လိုနေပြီထင်တာပဲ။ အမေရိကက အရင်လိုမဟုတ်တော့ဘူး။ ဒီမှာဆက်မနေချင်တော့ဘူး။”လို့ Madonna က ဆက်ပြောပါတယ်။

သားဖြစ်သူ David ရဲ့ဘောလုံးဝါသနာကို မြေတောင်မြောက်ပေးချင်လို့လည်း  ဥရောပနိုင်ငံမှာ ပြောင်းနေသွားမယ်လို့ သိရပါတယ်။

“သူ့ကို အကောင်းဆုံးနည်းပြတွေနဲ့ သင်စေချင်တာ။ ဒါပေမယ့် အမေရိကရဲ့ ဘောလုံးအဆင့်ကလည်း တခြားနိုင်ငံတွေထက် နိမ့်နေတယ်လေ။ သူ့ကိုသေချာလေးလုပ်ပေးချင်တယ်။ ဒီတော့ ပြောင်းဖို့လိုနေပြီပေါ့။”လို့ သြဂုတ်လ ၁၆ ရက်နေ့မှာ အသက် ၆၀ ပြည့်မယ့် အဆိုတော် Madonna Madonna ကရှင်းပြပါတယ်။

“သား David ကို အတော်ဆုံးဘောလုံးသမား၊ သမီး Lourdes ကို အကမယ်၊ Rocco ကိုပန်းချီဆရာလုပ်ခိုင်းဖို့ လူတွေက ပြောကြတယ်။ David က Cristiano Ronaldo လိုမဖြစ်လာရင်တောင် သူ့ကို ကောင်းမွန်တဲ့လူပဲဖြစ်စေချင်တယ်။ ကျွန်မသားသမီးတွေကို လိမ္မာတဲ့၊ ကြင်နာတဲ့၊ တာဝန်ယူတတ်တဲ့လူတွေပဲ ဖြစ်စေချင်တယ်။”လို့  Madonna ကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly