မြန်မာ ယူ၂၃ နှင့် ဘာရိန်း ယူ၂၃ တို့ ဒုတိယနေ့ပွဲစဉ် ယှဉ်ပြိုင်မည်

မြန်မာ ယူ၂၃ နှင့် ဘာရိန်း ယူ၂၃ တို့ ဒုတိယနေ့ပွဲစဉ် ယှဉ်ပြိုင်မည်

သြဂုတ် ၃ ။          ။ မြန်မာ ယူ၂၃ အသင်းနှင့် ဘာရိန်း ယူ ၂၃ အသင်းတို့ သြဂုတ်လ ၃ ရက် ညနေ ၆ နာရီတွင် မန္တလေးမြို့၊ မန္တလာသီရိကစားကွင်းတွင် ဒုတိယနေ့ ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

လေးနိုင်ငံ ဘောလုံးပြိုင်ပွဲ ALPINE CUP 2018 ၏ ပွဲစဉ်အဖြစ် ဘာရိန်းအသင်းက ထိုင်း ယူ ၂၃ အသင်းကို အနိုင်ရရှိထားပြီး  ယနေ့ အိမ်ရှင်မြန်မာအသင်းနှင့်ကစားရမည်ဖြစ်သည်။

သြဂုတ်လ ၁ ရက်မှ စတင်ပြီး  မန္တလေးမြို့တွင် ကျင်းပခဲ့သော လေးနိုင်ငံပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယား ယူ ၁၉ အသင်းက မြန်မာအသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိထားသည်။

တောင်ကိုရီးယား ယူ-၁၉ အသင်းက ထိုင်းယူ-၂၃ အသင်းနှင့် ညနေ ၃ နာရီတွင်  ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ထိုင်းအသင်းကလည်း နိုင်ပွဲရရှိရေး ကြိုးပမ်းသွားမည် ဖြစ်သောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်သော ပွဲဖြဟ်နီုင်ကြောင်း သုံးသပ်ရသည်။  

ထို့အတူ တစ်ပွဲရှုံးနိမ့်ထားသော အိမ်ရှင်မြန်မာအသင်းအနေဖြင့် အနိုင်ရရှိရေးသည်လည်း အရေးကြီးသောပွဲ ဖြစ်သည်။

Alpine Cup ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းသားများအား ထိုင်းပရီးမီးယားလိဂ်တွင် ကစားနေသည့် ရှေ့တန်းလူ အောင်သူက ဇူလိုင်လ ၃၁ ရက်မှ စတင်ကာ ပူးပေါင်းလေ့ကျင့်ပေးနေပြီး နည်းပြသစ် အန်တွမ်နီးဟေးက ယူ ၂၃ နည်းပြချုပ်အဖြစ် ကိုင်တွယ်နေခြင်း ဖြစ်သည်။

 
ဓာတ်ပုံ MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required