နယူးဇီလန်တောင်ကြားတွင် ပိတ်မိနေသည့် တောင်တက်သမားအား အတတ်နိုင်ဆုံး လျင်မြန်စွာ ကယ်ထုတ်သွားမည်ဖြစ်

နယူးဇီလန်တောင်ကြားတွင် ပိတ်မိနေသည့် တောင်တက်သမားအား အတတ်နိုင်ဆုံး လျင်မြန်စွာ ကယ်ထုတ်သွားမည်ဖြစ်

သြဂုတ် ၃ ။            ။ နယူးဇီလန်ရှိ Aspiring တောင်ကြားမှာ တစ်ပတ်လောက် ပိတ်မိနေခဲ့တဲ့ သြစတြေးလျတောင်တက်သမားကို ရာသီဥတုအခြေအနေကောင်းတာနဲ့ မြန်မြန်ကယ်ထုတ်သွားမယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာပဲ ပြောကြားလိုက်တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် စစ်သားတစ်ယောက်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကတည်းက သူ့ကိုလာရောက်ကယ်ဆယ်ဖို့ အချက်ပြခဲ့ပေမယ့် ရာသီဥတုဆိုးရွားတဲ့အတွက် မကယ်ဆယ်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ကြာသာပတေးနေ့မှာတော့ မတ်တပ်ရပ်ပြီး လက်ပြနေတဲ့ အဆိုပါတောင်တက်သမားကို ရဟတ်ယာဉ်မှူးက လှမ်းတွေ့လိုက်တာဖြစ်ပါတယ်။

“သူက ဝါရင့်တောင်တက်သမားဖြစ်မယ်ထင်တယ်။ သူက နှင်းတွေနဲ့ တဲပြန်လုပ်ပြီး နေခဲ့တဲ့အတွက် အခုလိုအသက်ရှင်တာဖြစ်ပါတယ်။”လို့ နယူးဇီလန်ကယ်ဆယ်ရေးအကြီးအကဲ Geoff Lunt က RNZ ကိုပြောပါတယ်။

“တကယ့်ကို ကျွမ်းကျင်တဲ့ တောင်တက်သမားပါ။ သူအသက်ရှင်ဖို့အတွက် ကြိုးစားရုန်းကန်ခဲ့တာဖြစ်ပါတယ်။”လို့ ၎င်းကဆက်ပြောပါတယ်။

အဆိုပါတောင်တက်သမားကို မကယ်တင်နိုင်ခင် ကယ်ဆယ်ရေးတပ်သား ၄ ယောက်ဟာ ၎င်းကို စားနပ်ရိက္ခာတွေသွားပေးပြီး စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

ရာသီဥတုအခြေအနေကောင်းလာရင်တော့ ဒီကနေ့ ညနေပိုင်းမှာ အဆိုပါတောင်တက်သမားနဲ့ ကယ်ဆယ်ရေးတပ်သား ၄ ယောက်ကို ကယ်ထုတ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required