ကနေဒါ လူ့အခွင့်အရေးပြတိုက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဖယ်ရှားမည်

ကနေဒါ လူ့အခွင့်အရေးပြတိုက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဖယ်ရှားမည်

 

သြဂုတ် ၂ ။         ။ ကနေဒါနိုင်ငံက လူ့အခွင့်အရေးပြတိုက်တစ်ခုမှာ ချိတ်ဆွဲပြသထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ဖယ်ရှားသွားတော့မှာ ဖြစ်ကြောင်း ကနေဒါ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ယင်းနိုင်ငံမှာရှိတဲ့ Winnipeg လူ့အခွင့်အရေးပြတိုက်မှာ နိုင်ငံတကာ လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူတွေနဲ့ သမိုင်းမှတ်တိုင်များဆိုပြီး ခင်းကျင်းပြသထားတဲ့ ရုပ်ပုံပြကွက်တွေထဲကနေ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ဖယ်ရှားသွားမှာဖြစ်ကြောင်း ယင်းပြတိုက်တာဝန်ရှိသူတွေက ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားတွေရဲ့ ဓာတ်ပုံပြခန်းထဲမှာ ချိတ်ဆက်ပြသထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကြီးကိုတော့ ဒီအတိုင်း ဆက်ထားသွားမှာ ဖြစ်ပါတယ်။ သို့သော် ယင်းရုပ်ပုံကြီးကို ထိုးပေးထားတဲ့ မီးတွေကိုတော့ မှိန်ချထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီလိုမျိုး ရုပ်ပုံဖယ်ရှားရခြင်းကတော့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့မှုအပေါ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ထိရောက်စွာ တုန့်ပြန်နိုင်ခဲ့ခြင်း မရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required