Neighbors 2 ဇာတ်ကား ရိုက်ကွင်းတွင် ပန်းရောင်ဂါဝန်နဲ့ ရင်သပ်ရှုမောဖွယ်လှပနေတဲ့ ဆလီနာဂိုမက်ဇ်

Neighbors 2 ဇာတ်ကား ရိုက်ကွင်းတွင် ပန်းရောင်ဂါဝန်နဲ့ ရင်သပ်ရှုမောဖွယ်လှပနေတဲ့ ဆလီနာဂိုမက်ဇ်

နယူးယော့ခ်၊ စက်တင်ဘာ ၄ ။           ။ အမေရိကန် သရုပ်ဆောင် အဆိုတော် ဆလီနာဂိုမက်ဇ်သည်  မကြမီထုတ်လွှင့်ပြသမည့် Neighbours 2 ဇာတ်ကားတွင် တက္ကသိုလ်ကျောင်းသူများအသင်း အဖွဲ့ဝင်အဖြစ် ပါဝင်သရုပ်ဆောင်လျက်ရှိရာ ဆလီနာသည် ၎င်းဝတ်ဆင်ထားသော ပန်းရောင်ဂါဝန်တိုနှင့် ရင်သပ်ရှုမောဖွယ်လှပေနေသည်ကို တွေ့မြင်ရကြောင်း ETဖျော်ဖြေရေးသတင်းဌာန ကပြောကြားသည်။

ဆလီနာသည် တက္ကသိုလ်ကျောင်းသူများအသင်းအဖွဲ့ဝင်များက ၎င်းအား VW Beetle အမှတ်တံဆိပ် အနီရောင်ကားဝယ်ပေးကာ အံအားသင့်စေသည့် ဇာတ်ကွက်ကို သရုပ်ဆောင်ခဲ့သော်လည်း ကားအပေါ် ဆွဲဆောင်မှုမရှိခဲ့ဘဲ ဆလီနာ၏ညို့အားပြင်းအလှအပေါ် မင်သက်ခဲ့ရသည်။

ရိုက်ကွင်းတွင်  ဆလီနာနောက်ကို တစ်ချိန်လုံး အစောင့်အရှောက်များ လိုက်ပါနေကြောင်းနှင့် ဆလီနာသည် ရိုက်ကွင်းပြင်ပတွင် စောင့်နေသော ပရိတ်သတ်များနှင့် ဓာတ်ပုံရိုက်ခဲ့ကြသည်။ Neighors 2 ဇာတ်ကားသည် ၂၀၁၄ ခုနှစ်က လူကြိုက်များခဲ့သော ဟာသဇာတ်ကား Neighbors ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားဖြစ်ကြောင်းနှင့် ယင်းဇာတ်ကားတွင် ဆက်ရိုဂန် နှင့်ရို့စ်ဘရာနီတို့က ဗရုတ်ကျသော အိမ်နီးချင်းနှင့် ခိုက်ရန်ဖြစ်ပွားသည့်  နှစ်ဖက်ချွန်စုံတွဲများအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

Neighbors 2 ဇာတ်ကားတွင် ရိုဂန်၊ ဘရာနီ နှင့် ဇက်စ်အက်ဖရန်ဦးဆောင်သော ဗရုတ်ကျသည့်အိမ်တို့သည် အခန်းချင်းကပ်ရပ်သို့ ပြောင်းလာသည့် တက္ကသိုလ်ကျောင်းသူအသင်းနှင့်  လက်တွဲလိုက် သည့် ဇာတ်ရုပ်ကို သရုပ်ဆောင်သွားမည်ဖြစ်သည်။

ဂိုမက်ဇ်နှင့်အတူ ချိုးလ်ဂရေ့စ်မော်တက်ဇ်၊ ဘီအာနီဖက်ဒ်စတင်း နှင့် ကာဆေးဆဲလီမွန်တို့သည် ယင်းဇာတ်ကားတွင် တက္ကသိုလ်ကျောင်းသူအသင်းအဖွဲ့ဝင်ညီမများအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly