Uber အားကန့်ကွက်သည့် စပိန်တက္ကစီကားသမားများ ဆက်လက်ဆန္ဒပြ

Uber အားကန့်ကွက်သည့် စပိန်တက္ကစီကားသမားများ ဆက်လက်ဆန္ဒပြ

သြဂုတ် ၁ ။           ။ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Uber နဲ့ Cabify ကိုအရေးယူသွားဖို့ စပိန်နိုင်ငံရှိ မြို့ကြီးတွေမှာ တက္ကစီကားသမားတွေ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာမြို့မှာ စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး မက်ဒရစ်မြို့အထိပါ ရောက်ရှိလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ စပိန်နိုင်ငံတစ်ဝန်းက မြို့တွေမှာပါ ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။

Uber နဲ့ Cabify ကားအငှားဝန်ဆောင်မှုတွေကို အစိုးရခွင့်ပြုပေးသွားမယ့် လိုင်စင်ဟာ စပိန်တက္ကစီကားသမားတွေရဲ့ လိုင်စင်ထက် ဈေးချိုတယ်လို့လည်း သိရပါတယ်။

ဒါအပြင် ကားစင်းလုံးငှားဝန်ဆောင်မှုတစ်ခု (VTCs) မှာ တက္ကစီကား အစီးရေ ၅ စီးပဲခွင့်ပြုထားတဲ့အတွက် အစီးရေ အနည်းဆုံး ၃၀ အထိခွင့်ပြုသင့်ကြောင်း ကားသမားတွေက တောင်းဆိုနေတာဖြစ်ပါတယ်။

အစိုးရနဲ့ သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှူးတွေ ဒီကိစ္စကို မဖြေရှင်းမချင်း ကားသမားတွေအနေနဲ့ ဆက်လက်ပြီး ဆန္ဒပြသွားကြမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly