Uber အားအရေးယူရန် စပိန်တက္ကစီကားသမားများ ဆန္ဒပြ

Uber အားအရေးယူရန် စပိန်တက္ကစီကားသမားများ ဆန္ဒပြ

ဇူလိုင် ၃၁ ။         ။ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Uber နဲ့ Cabify ကို အရေးယူသွားဖို့ တက္ကစီကားသမားများ ရာနဲ့ချီပြီး စပိန်နိုင်ငံ ဆန်ဒီရေဂိုမြို့မှာ ပြီးခဲ့တဲ့တနင်္လာနေ့က ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အဆိုပါဆန္ဒပြသူတွေဟာ ဆန်ဒီရေဂိုမြို့ရဲ့လမ်းမကြီး၊ လာမွန်နီတာနန်းတော်ရှေ့မှာ ကားတွေနဲ့ လမ်းကြောပိတ်ဆို့ထားတာဖြစ်ပါတယ်။

၎င်းတို့ရဲ့ကားတွေမှာ အနက်ရောင်နဲ့ အဝါရောင်ကပ်ထားပြီး တရားမဝင်လုပ်ငန်းတွေဖြစ်တဲ့ Uber နဲ့ Cabify တို့ကိုဆန့်ကျင်တဲ့ အမှတ်အသားတွေ ပြုလုပ်ထားပါတယ်။

အဆိုပါဆန္ဒပြမှုများရှိခဲ့ပေမယ့် မတော်တဆဖြစ်တာမျိုး၊ တင်းမာတဲ့အခြေအနေမျိုးတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားတက္ကစီအသင်းကြီးက မကျေနပ်တာဖြစ်ပါတယ်။

ပို့ဆောင်ရေးဝန်ဆောင်မှုတွေ ထပ်မံလုပ်ဆောင်သွားမယ့် မူကြမ်းနဲ့ပတ်သက်ပြီး တက္ကစီကားသမားတွေအနေနဲ့ အဆိုပါစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခွင့်မရဘူးလို့ သိရပါတယ်။ ဒါအပြင် အဆိုပါစီမံကိန်းမှာ ပါဝင်မယ့် ကားအရေအတွက်ကိုလည်း ကန့်သတ်ထားတာဖြစ်ပါတယ်။

“Uber နဲ့ Cabify တို့လို ကားအငှားဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကားသမားလိုင်စင်တွေ ရှိသင့်ပြီး လိင်ပြစ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုများနဲ့ ကင်းရှင်းရမှာဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကိုလည်း ပို့ဆောင်ရေးလုပ်ငန်းအနေနဲ့ မှတ်ပုံတင်ပြီး အခွန်ဆောင်ရမှာဖြစ်ပါတယ်။”လို့ အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

တက္ကစီကားသမားတွေအနေနဲ့ ဆန္ဒပြမယ့်အစား မကျေနပ်ချက်တွေကို ပြောကြားသင့်ပါတယ်လို့ ပို့ဆောင်ရေးဝန်ကြီး ဂလော်ရီရာဟတ်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required