အိန္ဒိယမှာ လူလေးသန်းကျော် နို်င်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံရဖို့ ရှိနေ

အိန္ဒိယမှာ လူလေးသန်းကျော် နို်င်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံရဖို့ ရှိနေ

 

အိန္ဒိယနိုင်ငံဟာ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က လူ လေးသန်းကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းလိုက်နိုင်မယ့် စာရင်းတစ်ရပ်ကို ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားနိုင်ငံသားမှတ်ပုံတင်နိုင်သူ NRC စာရင်းမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးမကြေညာခင် တစ်ရက်အလို ၁၉၇၁ မတ် ၂၄ ၇က် မတိုင်ခင်မှာ နိုင်ငံအတွင်း ရောက်ရှိနေထိုင်ခဲ့တာကို သက်သေပြနိုင်သူတွေကိုပဲ စာရင်းထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင်ခိုးဝင်သူတွေကို ခွဲထုတ်နိုင်ဖို့ ဖြစ်တယ်လို့ အိန္ဒိယက ဆိုပါတယ်။

ဒါပေမယ့် အာသံပြည်နယ်က လူနည်းစုလူမျိုးစုတွေကို ရှင်းထုတ်ဖု့ိ လုပ်ရပ်အဖြစ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပွားပေါ်ပေါက်နေပါတယ်။

ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ပြီး တာဝန်ရှိသူတွေကတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ ချက်ချင်းဆိုသလို နိုင်ငံတွင်းက နှင်ထုတ်တာမျိုး ရှိမှာမဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။

အားလုံးအတွက် ရှည်ကြာတဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှု ရရှိနိုင်မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပေမယ့် မိသားစုသန်းပေါင်းများစွာအနေနဲ့တော့ ၎င်းတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို နောက်ဆုံး ဆုံးဖြတ်ချက် မချခံမရမချင်း သောင်မတင်ရေမကျ အခြေအနေမှာ နေထိုင်နေရမှာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ် မတ် ၂၆ ရက်မှာ ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဟာ လွတ်လပ်ရေးကြေညာပြီးနောက်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးလာသူ သန်းပေါင်းများစွာ ရှိခဲ့ပြီး အများစုဟာ အာသံပြည်နယ်မှာ ခိုဝင်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required