ဘားအံနှင့် မဒေါက်မြို့နေထိုင်သူများအား ရေဘေးလွတ်ရာရှောင်ရန် မိုးဇလ သတိပေး

ဘားအံနှင့် မဒေါက်မြို့နေထိုင်သူများအား ရေဘေးလွတ်ရာရှောင်ရန် မိုးဇလ သတိပေး
မဒေါက်မြို့ ဇူလိုင်လ ၃၀ ရက် မြင်ကွင်း။ ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

 

ဇူလိုင်လ ၃၁ ။                ။ ဘားအံမြို့နယ်နှင့် မဒေါက်မြို့နေထိုင်သူများကို မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် သတိပေးထားသည်။

ယနေ့မြန်မာစံတော်ချိန် နေ့လည် ၁နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်ထက် ၆ ပေခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၂ ပေခန့် ကျဆင်းနိုင် ကြောင်း ခန့်မှန်းထားသော်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် စိုးရိမ်ရေမှတ်ထက် ၆ ပေခန့် ကျော်နေသော ဘားအံမြို့တွင် ယနေ့တိုင်းတာချက်အရ ၉၃၈ စင်တီမီတာ သည် နှစ်ပေါင်း ၅၃ နှစ် အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပြီး ၂၀၀၂ ခုနှစ်က အမြင့်ဆုံးရေမှတ်မှာ ၉၃၆ စင်တီမီတာ ဖြစကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြ ပါရန် မိုးဇလမှ နှိုးဆော်ထားပြီး ငဝန်မြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ရှိနေဆဲဖြစ်ကြောင်း ခန့်မှန်းထားသည်။

ဇူလိုင်လ ၃၀ ရက်အထိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် (၂)ပေခွဲခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ပေခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ပေခန့် စိုးရိမ်ရေမှတ်အထက် အသီးသီးကျော်လွန်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required