နိုင်ငံတော်သမ္မတက ပဲခူးရေဘေးသင့်ပြည်သူများကို ထောက်ပံ့ငွေပေး

နိုင်ငံတော်သမ္မတက ပဲခူးရေဘေးသင့်ပြည်သူများကို ထောက်ပံ့ငွေပေး
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ဇူလိုင်- ၂၈။ ပဲခူး ။           ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပဲခူးတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက်  ထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀၀ ကို ဇူလိုင်လ ၂၈ ရက်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ပေးအပ်ခဲ့သည်။

နိုင်ငံတော်သမ္မတက ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀၀)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး   ထောက်ပံ့ငွေသည်   ဘေးအန္တရာယ်စီမံခန့်ခွဲရေးဗဟိုမှ ထောက်ပံ့ပေးခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအားအချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ကလိကျေးရွာ၊ ကျွန်းသာယာရပ်ကွက်၊ မြို့သစ်၊ မုန်တိုင်း၊ ကလျာဏီရပ်ကွက်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ မဇင်းရပ်ကွက်၊ ဥဿာ(၇)၊ ကျောက်ကြီးစု၊ ဘုရားကြီး(၁)နှင့် ရွာသစ်ရပ်ကွက်တို့တွင် ရေဝင်လျက်ရှိနေသည်။

ရေကြီးမှုကြောင့် ပဲခူးတွင် စုစုပေါင်း အိမ်ခြေ (၃၃၄၉)အိမ်၊ အိမ်ထောင်စု (၃၃၄၉)စု၊ စုစုပေါင်း လူဦးရေ(၁၆၃၃၁)တို့အား သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဓမ္မာရုံများ၊ အား/ကာခန်းမ၊ သာသနာ့ဗိမာန် တို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly