ဖားကန့်တွင် အုပ်စုဖွဲ့ လုယက်သူများကို ဖမ်းဆီး

ဖားကန့်တွင် အုပ်စုဖွဲ့ လုယက်သူများကို ဖမ်းဆီး

ဖားကန့် ၊ ဇူလိုင် ၂၈ ။         ။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊မှော်စီစကျေးရွာတွင် အုပ်စုဖွဲ့လုယက်နေသည့် လူ (၄)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လုံးခင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိန်မြင့်ထွန်းမှ မဇ္ဇျိမသို့ ပြောသည်။

ယင်းဖြစ်စဉ်ကို ယခုလ ၂၂ ရက် ည၉ နာရီအချိန်တွင် မှော်စီစာကျေးရွာ၊စိတ္တသုခကျောင်းတိုက် (အောက်ကျောင်း) အရှေ့လမ်းပေါ်တွင် ဖြစ်ပွားခဲ့ပြီး ၂၇ ရက်နေ့က ဖမ်ဆီးရမိခဲ့ခြင်းဖြစ်သည်။

" စဖြစ်တဲ့ ရက်ကတည်း ၂ ယောက်ကို ဖမ်းမိတယ်။အဲ့ဒီကနေမှ ဖမ်းပြီး ရမန်ယူထားတယ်။ နောက်ကွင်းဆက် ဖော်ထုတ်ချက်အရ နောက်ထပ် ၂ ယောက်ကို ထပ်ပြီး ဖမ်းစီးရမိတာပါ။ရုံးပိတ်တဲ့ ရက်ဆိုတော့ ရမန်ယူလို့ မရဘူး။ရုံးဖွင့်တဲ့ ရက်မှပဲ ရမန်တက်ရတော့မှာပါ။ဒါပေမယ့် ဖမ်းတဲ့ ရက်စွဲနဲ့ စပြီး ရမန်ယူရမှာ၊စစ်ဆေးလို့ ပေါ်ပေါက်လာတဲ့အတွက် လုယက်မှုဖြစ်တဲ့အတွက် ဥပဒေအကြံတောင်းပြီး ပုဒ်မတစ်ခုတော့ ထပ်တိုး လာမှာပေါ့ "ဟု စခန်းမှူး ဒုရဲမှူးစိန်မြင့်ထွန်းမှ ဆိုသည်။

ယင်းသို့ အုပ်စုဖွဲ့လုယက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာတွင် လူတစ်ဦး သေဆုံးခဲ့ပြီးလူတစ်ဦး ဓားဒဏ်ရာ ရရှိခဲ့သည်။

"ဖုန်းတွေ ဆိုင်ကယ်တွေကို အဓိကထားလုတယ်။မြေစာပုံက ကျူးတဲတွေမှာ အဲ့ဒီပစ္စည်းတွေကို ဈေးချိုချိုနဲ့ ဝယ်လို့ရောင်းလို့ရတယ်။သူခိုးဈေးကွက်ပေါ့။ရဲမှူးကလည်း အသစ်ပြောင်းလာတယ် ကြားတယ်။အခုလို တစ်လျောက်လုပ်နိုင်မယ်ဆိုရင် ကောင်းပါတယ်။ဒီမှာက မကြာခဏဆိုသလို မှုခင်းတွေက မကြာခဏ ဖြစ်တယ်။ အုပ်ချုပ်ရေးရော၊ရဲရော၊ရပ်ကျေးအဖွဲ့နဲ့ ပြည်သူတွေရော အားလုံးစုပေါင်းလုပ်မယ်ဆိုရင် ကောင်းပါတယ်”ဟု မှော်စီစာကျေးရွာမှ ကိုဂျိမ်းမှ ပြောသည်။

အဆိုပါ လူတစ်ဦးသေဆုံးမှု၊ လူတစ်ဦး ဓားခုတ်ခံရမှုနှင့်ပတ်သက်၍ လုံးခင်းရဲစခန်းမှ(ပ)၉၆/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၂၀၁/၁၁၄ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required