ပရော်ဖက်ရှင်နယ် ကင်မရာမင်းတစ်ယောက်လို ဓာတ်ပုံလှလှလေးတွေရိုက်နိုင်အောင်ကူညီပေးမယ့် AI ကင်မရာလေးလုံးပါ Nova 3 နဲ့Nova 3iတို့ရဲ့ အားသာချက်များ

ပရော်ဖက်ရှင်နယ် ကင်မရာမင်းတစ်ယောက်လို ဓာတ်ပုံလှလှလေးတွေရိုက်နိုင်အောင်ကူညီပေးမယ့် AI ကင်မရာလေးလုံးပါ Nova 3 နဲ့Nova 3iတို့ရဲ့ အားသာချက်များ

 

ခေတ်သစ်စမတ်ဖုန်းလို့ ပြောလိုက်တာနှင့် AI ပါရဲ့လားဆိုတဲ့မေးခွန်းကို စမတ်ဖုန်းအသုံးပြုသူတွေ စတင်မေးခွန်းထုတ်လာတဲ့ ခေတ်ကြီးမှာ AI စမတ်ဖုန်းတွေကိုစတင်မိတ်ဆက်ပေးခဲ့တဲ့ Hwawei ဟာ သူ့ရဲ့ တတိယမြောက် Nova မျိုးဆက်ဖြစ်တဲ့ Nova 3 and Nova 3i မှာ  AI နည်းပညာသုံးထားတဲ့ ကင်မရာလေးလုံးကို ထည့်သွင်းထားပြီး အကောင်းဆုံး selfie device အဖြစ် ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပွဲထုတ်လိုက်ပါတယ်။ AI စနစ်ပါတဲ့ 24MP ကင်မရာကို အရှေ့ရော အနောက်ပါ တပ်ဆင်ထားတာမို့ လူငယ်တွေအကြားရေပန်းအစားဆုံးစမတ်ဖုန်းဖြစ်လာမယ်လို့ နိုင်ငံတကာနည်းပညာအသိုင်းအဝိုင်းက မှတ်ချက်ပေးထားကြပါတယ်။

Huawei Nova 3 ရဲ့ အရှေ့မျက်နှာပြင်မှာ 24MP f/2.0 aperture high resolution ရှိတဲ့ ကင်မရာတစ်လုံး နှင့် 2MP sensor ပါတဲ့ ကင်မရာတစ်လုံး စုစုပေါင်း ၂လုံး ပါဝင်ပြီး Nova 3i မှာတော့ 24 MP နှင့် 2 MP  ပါဝင်သည့်  အရှေ့ကင်မရာနှစ်လုံးပါရှိသည့်အတွက် bokeh effect လို့ခေါ်တဲ့ portrait အလန်းစားတွေကို ကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်စေပါတယ်။ ဒါ့အပြင် နောက်ကင်မရာအနေနှင့်လည်း Nova 3 မှာ 24MP monochrome sensor နှင့် 16MP RGB senor ကိုမှ f/1.8 ကျယ်တဲ့ aperture 6p lenses ပါဝင်ပြီး Nova 3i မှာတော့ 16MP နှင့် 2MP ရှိသည့် နောက်ကင်မရာများပါဝင်ပါတယ်။ ဒါ့ကြောင့် flagship ဖုန်း တွေမှာဓာတ်ပုံရိုက်ကူးသလို အတွေ့အကြုံကို ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ပြင် ဒီဖုန်းမှာ တခြား ဓာတ်ပုံရိုက်ကူးမှုဆိုင်ရာ အားသာချက်တွေလည်းရှိနေပါသေးတယ်။ အဲဒီ အားသာချက်တွေကတော့

ခပ်မိုက်မိုက်ဆယ်လ်ဖီဓာတ်ပုံတွေရိုက်ကူးနိင်တဲ့ အရှေ့ကင်မရာ ၂လုံး

အစဉ်အဆက်ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေအတွက်selfie ရိုက်ကူးရာမှာ ရိုက်ကူးသူရဲ့မျက်နှာကိုအဓိကထားပြီးပိုမိုလှပအောင်ပြုပြင်ပေးတဲ့ app တွေအမြဲထွက်ရှိခဲ့ပေမယ့်  လူ နှင့် နောက်ခံ backgrund နှစ်ခုစလုံးကို ထင်ထင်ရှားရှားတွဲစပ်ပေးတဲ့ လုပ်ဆောင်ချက်ပိုင်းမှာတော့ တော်တော်လေးအားနည်းခဲ့ပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံမှာပါတဲ့ နောက်ခံ ကောင်းကင်ပြာဟာ မှောင်နေတာ၊ အပင်တွေပါနေရင်ဝါနေတာ၊ ကမ်းခြေမှာရိုက်ရင် ကမ်းခြေဆန်ဆန်အလှမပေါ်တာမျိုးတွေဖြစ်နေတတ်ပါတယ်။

Huawei Nova 3 နဲ့ 3i တွေရဲ့ အရှေ့ကင်မရာတွေကနေတဆင့် ကောင်းကင်၊ ကမ်းခြေ၊ အပင်၊ ညအလင်းအမှောင်၊ စတိတ်စင်၊ ပန်း၊ အခန်းအတွင်းရိုက်ကူးမှု၊ နှင်း အစရှိတဲ့ အမျိုးအစားပေါင်း ၈ မျိုးရဲ့ မတူညီတဲ့ အခြေအနေ ၂၀၀ ကျော် ကို ခွဲခြားသိရှိနိုင်တာမို့ အခြေအနေတစ်ခုချင်းဆီအတွက် သီးသန့်  အဆင့်မြင့်တင်မှုများ ပြုလုပ်ပေးနိုင်ပြီး ရိုက်ကူးလိုက်သည့် ပုံရိပ်များကိုပိုမိုလှပအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei Nova 3 နဲ့ Nova 3i ဟာဆိုရင် အရှေ့ကင်မရာမှာ AI Scene Recognition ပါဝင်တဲ့ ပထမဆုံးသော Huawei ဖုန်းတွေဖြစ်ပါတယ်။

GPU Turbo, 128 GB Storage, EMUI 8.2 နှင့်  Huawei ရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin 970 နှင့် 710

Mobile Legend နှင့် PUBG ဂိမ်းကစားသူတွေ ၊ Rules of Survival ဂိမ်းကစားသူတွေအတွက် အကောင်းမွန်ဆုံးသော အတွေ့အကြုံများပေးစွမ်းပေးနိုင်မည့် GPU Turbo ၊ သီချင်းတွေ၊ ဓာတ်ပုံတွေ အများကြီး သိမ်းဆည်းပေးနိုင်မည့် 128GB Storage ပါဝင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက်ရှိထားတဲ့ Android 8.1 ကို အခြေခံထားတဲ့ EMUI 8.2 ပါဝင်ပါတယ်။ Huawei Nova 3 မှာ ဆိုရင် Huawei P20 Pro လို Flagship ဖုန်းအမျိုးအစား မှာ ထည့်သွင်းထားတဲ့ Kirin 970 ပါဝင်ပြီး Huawei Nova 3i မှာဆိုရင် Kirin 710 ကို ထည့်သွင်းထားပါတယ်။

ဖန်သားကိုယ်ထည်နှင့် ဆွဲဆောင်မှုရှိတဲ့အရောင်ကာလာများ

ဒီ Nova Series  ရဲ့ ထူးခြားတဲ့နောက်တစ်ချက်က gradient အရောင်ဖြစ်တဲ့ Iris Purple ပါဝင်လာတာပါပဲ။ Nova Series ဟာ လူငယ်တွေအတွက်အဓိက ထုတ်လုပ်ထားတာကြောင့်   ခေတ်ရေစီးကြောင်းကိုလိုက်ပြီး လူအများကြိုက်တဲ့ ခရမ်းရောင်အရောင်ပြေးလေးကို ပွဲထုတ်လာပါတယ်။ မြန်မာနိုင်ငံမှာတော့ Nova 3 ကို အထူး gradient အရောင်ဖြစ်သည့် Iris Purple ၊ အနီ နှင့် အနက် ဟူ၍ အရောင်သုံးရောင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Nova 3iကိုတော့ Iris Purple ၊ အဖြူ နှင့် အမည်းဆိုပြီး  အရောင် သုံးရောင်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Nova 3 နှင့် 3iရဲ့ ဒီဇိုင်းနှင့် ကိုင်တွယ်ရာတွင်ရရှိစေမည့် ကျစ်လစ်သိပ်သည်းမှု ကို ဒီဇိုင်နာများ၏ အကောင်းဆုံးဖြစ်စေလိုသည့် ရည်ရွယ်ချက်တို့ ဖြင့် ဖန်တီးထားပါတယ်။ မျက်နှာပြင်၏ ဘက်ပေါင်းစုံတွင် ချောမွေ့မှုကိုခံစားရစေရန် ရှေ့နောက် 3D ဖန်ကွေးတပ်ဆင်ပေးထားပြီး Notch  ပါရှိသည့် Full HD+ panel သည် 19.5 : 9 အချိုးရှိပြီး၊ 18:9 counterpart ထက် ပိုမိုကျစ်လစ်သေးသွယ်သွားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။  ထို့အပြင် Huawei မှအသုံးပြုထားသည့် တိကျသေချာသော အင်ဂျင်နီယာနည်းပညာကြောင့် မျက်နှာပြင်၏ ထောင့်လေးဘက်စလုံးအား တပြေးညီတည်း ကွေးထားသောကြောင့် အလယ်ဗဟိုရှိ frame နှင့် စပ်ကြောင်းမရှိတွဲဆက်နေပြီး၊ အနုပညာမြောက်စွာ ကျော့ရှင်းချောမွေ့နေစေပါတယ်။

အမှောင်ထဲမှာပါ pro ဆန်တဲ့ ပုံတွေရိုက်နိုင်စေမယ့် HDR

Exposure အချိန်အဆမှန်ဖို့ဟာ ဓာတ်ပုံဆရာတွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ သာမန်အားဖြင့် ဓာတ်ပုံဆရာတစ်ယောက်ဟာ သူတို့ထိန်းချုပ်ဖို့ခက်တဲ့ အလင်းရောင်အခြေအနေမှာ ချိန်ရွယ်ထားတဲ့ အရာဝတ္ထုကို စိတ်ကြိုက်ဖမ်းယူဖို့ကြိုးပမ်းရပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ Huawei ဟာ software ပိုင်းမှာရော Hardware မှာပါ ပံ့ပိုးဖို့အားထုတ်ထားတာကိုတွေ့ရပါတယ်။ အဲ့ဒါကတော့ sensor ပေါ်ကpixelတစ်ခုချင်းစီအတွက် exposure ချိန်ဆကာ device ကနေ အလိုအလျှောက် ပုံရိပ်များစွာရိုက်ကူးပြီး HDR effect ရရှိစေတာပဲဖြစ်ပါတယ်။

3D Portrait Dynamic Lighting Effects

3D portrait အတွက် lighting effect အစုံအလင်Exposure ထိန်းချုပ်နိုင်ရုံနှင့်အပြီးသေးပါဘူး။ ပုံကောင်းတစ်ပုံရဖို့ အလင်းအမှောင်ကစားတတ်ဖို့လည်း အရမ်းအရေးကြီးပါတယ်။ Huawei Nova 3 မှာ soft lighting (Rembrandt lighting), butterfly lighting, stage lighting, split lighting နှင့် classic lighting ဆိုပြီး  3D Lighting Effect ၅ခုအထိပါဝင်တာကြောင့် effect တစ်မျိုးချင်းစီကနေ အသုံးပြုသူကိုစိတ်ကျေနပ်စေမယ့် ရလဒ်များကို ပေးစွမ်းနိုင်ပါတယ်

ဓာတ်ပုံရိုက်ကူးလိုက်သည်နှင့်တစ်ပြိုင်နက် Huawei Nova 3ဟာ မျက်နှာကို ချိန်ဆမှုတွေစတင်လုပ်ဆောင်ပြီး 3D ပုံစံအဖြစ်ကူးပြောင်းစေပြီး လိုအပ်တဲ့နေရာတွေကို အလင်းဖြည့်ပေးတာကြောင့် အံ့မခမ်းဖွယ်ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ရစေမှာပါ။

ဒီတော့ ဆယ်လ်ဖီကြိုက်တဲ့၊ ပျော်စရာကောင်းပြီး ခေတ်ရှေ့ပြေးတဲ့ စမတ်ဖုန်းအလန်းစားကိုမှ ကိုင်ချင်တဲ့ လူငယ်တွေအတွက်တော့ Huawei ရဲ့ Nova 3 နဲ့ Nova 3i  ဟာ hardware ပိုင်းမှာရော software ပိုင်းမှာပါ ထိပ်ဆုံးကရွေးချယ်စရာအဖြစ်ရပ်တည်နေမယ်လို့ သုံးသပ်ချင်ပါတယ်။ အလုပ်လုပ်ဖို့အတွက်ပဲလိုလို၊ အပျော်တမ်း ဖျော်ဖြေရေးအတွက်ပဲ သုံးသုံး Huawei Nova 3 နှင့် Nova 3i ဖုန်းလေးတွေဟာ မကြာမီဈေးကွက်ထဲကိုရောက်ရှိလာပါတော့မယ်။ Nova 3 နှင့် 3i ကိုဝယ်ယူလိုပါက ၂၀၁၈၊ ဇူလိုင်လ ၂၄ ရက်နေ့မှ  သြဂုတ်လ ၃ရက်နေ့ အတွင်း pre-order တင်ထားနိုင်မည်ဖြစ်ပြီး pre-order မှာယူသူများအတွက် ထီး၊ Gift Box နှင့် 10000 mAH Power Bank များကို လက်ဆောင် ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Nova 3 သို့မဟုတ် Nova 3i ၁၈လုံးကို ကံစမ်းနိုင်ဦးမယ်လို့သိရပါတယ်။ ဈေးနှုန်းအားဖြင့် Nova 3 ကို မြန်မာကျပ်ငွေ ၅၅၉ ,၀၀၀ ဖြင့်လည်းကောင်း၊ Nova 3i ကို   မြန်မာကျပ်ငွေ ၃၅၉,၀၀၀ ဖြင့်လည်းကောင်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags