AFF U-16 Championship 2018 ပြိုင်ပွဲမှာ မြန်မာအသင်း ပွဲဦးထွက်ပွဲစဉ်အဖြစ် အရှေ ့တီမောအသင်းနဲ့ ကစားမည်

AFF U-16 Championship 2018 ပြိုင်ပွဲမှာ မြန်မာအသင်း ပွဲဦးထွက်ပွဲစဉ်အဖြစ် အရှေ ့တီမောအသင်းနဲ့ ကစားမည်
(ဓာတ်ပုံ - MFF)

၂၀၁၈ အာဆီယံယူ-၁၆ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ယူ ၁၆ အသင်းဟာ ပွဲဦးထွက်ပွဲစဉ်အဖြစ် အရှေ့တီမော လက်ရွေးစင်နှင့် ဇူလိုင်လ ၂၉ ရက်နေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ စတင်ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး မြန်မာအသင်းမှာ ဂျာစီ အနီရောင် ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

၂၀၁၈ အာဆီယံယူ-၁၆ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်လို့ ပွဲကြို အစည်းအဝေးနဲ့ သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ယနေ့ မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယားမြို့ရှိ ဂျာဗားပါရာဂွန်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"အာဆီယံ ဘောလုံးပြိုင်ပွဲကျင်းပပေးတဲ့ အိမ်ရှင်အသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲဝင်ယှဉ်မည် အသင်းအားလုံးကိုလဲ ကျေဇူးပါတယ်။ ပြိုင်ပွဲကိုတော့ အကောင်းကြိုးစားပါမယ်။”လို့ ယူ၁၆ မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဦးညီညီလတ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဆိုပါအစည်းအဝေးသို့ အာဆီယံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အိမ်ရှင်အင်ဒိုနီးရှားနိုုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သက်ဆိုင်ရာ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တီမော၊ ဖိလစ်ပိုင်အသင်းတို့ ပါဝင်တဲ့ အုပ်စု(က) မှာ ကျရောက်လျက်နေပြီး မြန်မာအသင်းပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၊ Surabaya ရှိ Joko Samudro နှင့် Delta Sidoarjo ကွင်းများမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှ ပွဲစဉ်များကို အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် website ( https://www.pssi.org/live ) မှာ ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအသင်းဟာ ပြိုင်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ Surabaya ကို ဇူလိုင် ၂၇ ရက်နေ့က ရောက်ရှိခဲ့ပြီး ယူ၁၆ မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ်များကို ဖော်ပြပေးလိုက်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required