ကိုရီးယားစစ်ပွဲ ပြီးဆုံးတဲ့ နှစ်ပတ်လည်အဖြစ် မြောက်ကိုရီးယားမှာ လူအများ စုရုံးကကြ

ကိုရီးယားစစ်ပွဲ ပြီးဆုံးတဲ့ နှစ်ပတ်လည်အဖြစ် မြောက်ကိုရီးယားမှာ လူအများ စုရုံးကကြ

ပြုံယမ်း၊ ဇူလိုင် ၂၈ ။          ။ ကိုရီးယားစစ်ပွဲ အဆုံးသတ်တဲ့ နှစ်ပတ်လည်နေ့အဖြစ် မြောက်ကိုရီးယားနိုင်ငံမှာ စစ်သားတွေ၊ သင်္ဘောသားတွေနဲ့ အရပ်သားတွေဟာ သူရဲကောင်းဂူဗိမာန် ရင်ပြင်မှာ စုရုံးကကြပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်တွေနဲ့ မြောက်ကိုရီးယားဟာ ၎င်းရဲ့ မဟာမိတ်တရုတ် အင်အားနဲ့ အတူ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ အဆုံးသတ်ခဲ့တာ နှစ် ၆၅ နှစ် ပြည့်မြောက်ပါပြီ။

ငြိမ်းချမ်းရေး စာချုပ် မချုပ်နိုင်ဘဲ အပစ်ရပ်နဲ့ပဲ အဆုံးသတ်တဲ့ ဒီစစ်ပွဲကြောင့် တရားကိုယ်အားဖြင့် ကိုရီးယားကျွန်းဆွယ်ဟာ စစ်ပွဲအတွင်း ရှိနေဆဲ အခြေအနေပဲ ဖြစ်ပါတယ်။

ပြုံယမ်းမြို့စွန်မှာ ရှိတဲ့ သူရဲကောင်း ဂူဗိမာန်ဆီ တပ်စုတွေ စုရုံးရောက်ရှိပြီး လွမ်းသူ့ပန်းခွေတွေ ချကြပါတယ်။

အစီအစဉ်ကြေညာသူတစ်ဦးက “ကြီးမြတ်တဲ့ ဖခင်နိုင်ငံ လွတ်လပ်ရေး စစ်ပွဲက သူရဲကောင်းတွေကို အလေးပြုကြ။”လို့ တိုင်တည်ပြီးနောက်မှာ အားလုံးက ဦးညွတ် အလေးပြုကြပါတယ်။

ဒီနောက်မှာတော့ ပါဝင်သူတွေက အချင်းချင်း တွဲကကာ စစ်ပြီးဆုံးခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ဆင်နွှဲကြတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ နိုင်ငံရေး အခြားအခြေအနေ တစ်ရပ်အနေနဲ့ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို အမေရိကန်လေယာဉ်တစ်စီးပေါ် တင်ဆောင်စေလို့ ဆိုးလ်မြို့တော်ဆီ သယ်ဆောင်သွားစေတဲ့ အမေရိကန်စစ်သား ရုပ်အလောင်းတွေ ပြန်လည်ပေးပို့မှုကို လုပ်ဆောင်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly