အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့တဲ့ သောမတ်စ် လီမား

အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့တဲ့ သောမတ်စ် လီမား
(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်ကစားသမား သောမတ်စ် လီမားဟာ လာမယ့်အပတ် အက်သလက်တီကိုအသင်းမှာ သူ့ရဲ့တရားဝင်မိတ်ဆက်ပွဲမတိုင်မီ သောကြာနေ့က ဆေးစစ်မှုပြလုပ်ခဲ့ပြီး ဆေးစစ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မိုနာကိုအသင်းမှ အက်သလက်တီကိုအသင်းဆီ ခန့်မှန်းခြေ ယူရိုသန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပြီး နိုင်ငံလက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ လူကပ်စ် ဟာနန်ဒက်ဇ်တို့နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

“သောမတ်စ် လီမားဟာ ဆေးစစ်မှုပြုလုပ်ဖို့အတွက် သောကြာနေ့ မနက်က နာဗာရားဆေးခန်းကို ရောက်ရှိနေပါတယ်။”လို့ အက်သလက်တီကိုအသင်းက ၎င်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိင်ခဲ့တဲ့ ကစားသမားတွေကို သြဂုတ်လ ၆ ရက်အထိ အားလပ်ရက်အဖြစ် ပေးထားခဲ့ပေမယ့် လီမားဟာ အသင်းသစ်နဲ့ အမြန်ဆုံး ပူးပေါင်းနိုင်ဖို့ အားလပ်ရက်အချိန်ကို ဖြတ်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီ လာလီဂါအမှတ်ပေးဇယားမှာ ဘာစီလိုနာနောက် ဒုတိယနေရာမှ ရပ်တည်ခဲ့ပြီး ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required