ကျောက်စိမ်းတူးဖော်ရေး မြေပြိုမှုမှ ရုပ်အလောင်း ၆ လောင်း တွေ့ရှိ

ကျောက်စိမ်းတူးဖော်ရေး မြေပြိုမှုမှ ရုပ်အလောင်း ၆ လောင်း တွေ့ရှိ
ဓာတ်ပုံ ကိုယဉ်ထွေး

ဇူလိုင်လ ၂၆၊ ဖားကန့် ။          ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှုအုပ်စု မမုံကျေးရွာအနီးရှိ ဧရာရတနာကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုတွင် ဇူလိုင်လ ၂၆ ရက် မနက် ၆ နာရီ အချိန်တွင် ရုပ်အလောင်း ၆ လောင်း ရေပေါ်သို့ပေါ်လာကြောင်း မမုံကျေးရွာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက
မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် မနက် ၆ နာရီအချိန်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ၂ ရက်အကြာတွင် ယခုကဲ့သို့ ရုပ်အလောင်းများ ရေပေါ်သို့ပေါ်လာခြင်း ဖြစ်သည်။

"မနက် ၆ နာရီလောက်က ကျွန်တော်အရင်ဆုံးစတွေ့တာ။ အဲ့ဒီကနေမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာ။အလောင်း ၅ လောင်းကတော့ ပိုင်ရှင်ပေါ်သွားပြီ "ဟု မမုံကျေးရွာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက ဆိုသည်။

အဆိုပါ မြေပြိူမှုမှာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် လူပျောက် လာရောက်တိုင်ကြားထားသူ ၂၇ ဦးရှိကာ သေဆုံးသူရုပ်အလောင်းများ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဖားကန့်မြို့နယ်ရှိသက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly