အာရှ ယူ-၁၆ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း လူစာရင်း ထုတ်ပြန်

အာရှ ယူ-၁၆ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း လူစာရင်း ထုတ်ပြန်

၂၀၁၆ အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက ကစားသမား ၂၃ ဦးစာရင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံက တာဝန်ယူ ကိုင်တွယ်မည်ဖြစ်ပြီး လက်ထောက်နည်းပြများအဖြစ် ဦးတင်မောင်ဝင်း၊ ဦးအောင်ကျော်ထွန်းနှင့် ဂိုးနည်းပြအဖြစ် ဦးမြင့်ဦး တို့က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၁၆ အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် မြန်မာ ယူ-၁၆ အသင်းသည် အုပ်စု (ည) ၌ ကျရောက်လျက်ရှိပြီး စက်တင်ဘာ ၁၆ မှ စက်တင်ဘာ ၂၀ အတွင်း အိမ်ရှင်ဖြစ်သည့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် သွားရောက်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် အုပ်စု (ည) တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် အတူ သြစတြေးလျ၊ ဂူအမ် စသည့်အသင်းများနှင့် တစ်အုပ်စု တည်း ကျရောက်လျက် ရှိသည်။

အဆိုပါခြေစစ်ပွဲတွင် ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံ ပါဝင်ယှဉ်ပြိုင် ကာ အုပ်စု ၁၁ အုပ်စုမှ အကောင်းဆုံး ၁၁ သင်း အပြင် ဒုတိယအကောင်းဆုံး လေးသင်းတို့သည် လာမည့် ၂၀၁၆ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် အာရှ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် ခွင့် ရရှိမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ပြီးခဲ့သည့် သြဂုတ်လတွင် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲထိ တက်ရောက်နိုင်ကာ ဗိုလ်လုပွဲတွင် ထိုင်း ယူ-၁၆ အသင်းကို ရှုံးနိမ့်၍ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

၂၀၁၅ အာရှ ယူ-၁၆ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း လူစာရင်း

ဂိုး - ထက်ဝေယံစိုး၊ အောင်မြင့်မြတ်၊ ဟန်နိုင်စိုး။

နောက်တန်း - အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးဝေ၊ မင်းမြတ်သူ၊ ဘိုဘိုအောင်၊ စည်သူမိုးခန့်၊ ပြည့်ဖြိုးမောင်၊ သက်ပိုင်ထွေး၊ ဒွေးကိုကို၊ သူရစံ။

အလယ်တန်း - ပြည့်စုံနိုင်၊ ရဲဝင်းထွန်း၊ ထွန်းဆိုင်၊ သီဟဇော်၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့်၊ အောင်ချစ်ဦးကိုကို။

ရှေ့တန်း - ကျော်ကျော်ထက်၊ ဝင်းနိုင်ထွန်း၊ ဟိန်းထက်အောင်၊ သက်ပိုင်ထူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required