Demi Lovato ဆေးရုံတက်ရသည့်အတွက် စိုးရိမ်ပူပန်နေသည့် ရည်းစားဟောင်း Wilmer Valderrama

Demi Lovato ဆေးရုံတက်ရသည့်အတွက် စိုးရိမ်ပူပန်နေသည့် ရည်းစားဟောင်း Wilmer Valderrama

 

ဇူလိုင် ၂၅ ။                     ။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ Demi Lovato မူးယစ်ဆေးသုံးစွဲမှုကြောင့် ရှော့ခ်ဖြစ်ပြီး ဆေးရုံတက်လိုက်ရတဲ့အတွက် ၎င်းရဲ့ ရည်းစားဟောင်း Wilmer Valderrama စိုးရိမ်နေပါတယ်လို့   ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါ တယ်။ သူတို့နှစ်ဦးဟာ ၂၀၁၀ ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ တွဲလိုက်၊ ပြတ်လိုက်ဖြစ်ခဲ့ကြပါတယ်။

“Demi ကြုံနေရတဲ့ပြဿနာတွေကို မသိခဲ့ဘူး။”လို့ အသက် ၃၈ အရွယ် Wilmer ကပြောပါတယ်။

“Wilmer ကတော့အရမ်းစိုးရိမ်နေပါတယ်။ သူက Demi ကိုချစ်နေတုန်းပါပဲ။ သူတို့ရဲ့အချိန်တွေသာ ပြန်ညှိလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။ Demi က သူ့မိသားစု၊ သူငယ်ချင်းတွေနဲ့ Wilmer ကိုအကုန်ပြောပြပေမယ့် ပြဿနာက ဒီလောက်ပြင်းထန်မယ်မှန်း Wilmer မရိပ်မိခဲ့ပါဘူး။”လို့ ပြောရေးဆိုခွင့်ရှိသူက Us Weekly ကိုပြောပါတယ်။

“Demi ရဲ့သူငယ်ချင်းတွေနဲ့ Wilmer ကတော့ Demi နေပြန်ကောင်းလာဖို့ကိုပဲ မျှော်လင့်နေကြတာပါ။”လို့ ၎င်းကဆက်ပြောပါတယ်။

ဟောလိဝုဒ်က အိမ်မှာ သတိလစ်နေတဲ့ Demi ကိုဆေးရုံပို့လိုက်တဲ့အကြောင်းကို အင်္ဂါနေ့ညနေပိုင်းမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ Demi Lovato တစ်ယောက် သတိပြန်ရပြီး မိသားစုဝင်တွေနဲ့အတူ ဆေးရုံမှာရှိနေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly