ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ဒေသခံများစကားဝိုင်းကို ဘားအံတွင် ပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ဒေသခံများစကားဝိုင်းကို ဘားအံတွင် ပြုလုပ်မည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ရန်ကုန် ၊ ဇူလိုင် ၂၄ ။                 ။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ဒေသခံပြည်သူများ၏ စကားဝိုင်းကို ကရင်ပြည်နယ် ဘားအံမြို့တွင် ယခုရက်ပိုင်းအတွင်း ကျင်းပသွားရန် စီစဉ်နေသည်ဟု ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ဆိုသည်။

“ရက်အတိအကျတော့ ပြောလို့မရသေးဘူး။ ဒီတစ်ပတ်အတွင်းမှာပါပဲ။ ဒီလမကုန်ခင်လုပ်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

စကားဝိုင်းတွင်ပါဝင်မည့် ပြည်သူများကိုလည်း  ရွေးချယ်ပြီးဖြစ်ကာ ဘားအံမြို့ဇွဲကပင်ခန်းမတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း ဦးမင်းတင်ဝင်းက ပြောသည်။

“စကားဝိုင်းမှာ ပါမယ့်သူတွေက အရပ်ဘက်လူမှု့အဖွဲ့အစည်းကသူတွေ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ၊ အမျိုးသမီးအရေးကိစ္စပြုလုပ်နေတဲ့ အဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ ပါဝင်ပါမယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ စကားဝိုင်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေသခံပြည်သူများ၏ စကားဝိုင်းကို ရှမ်းပြည်နယ် ပင်လုံမြို့၊ နေပြည်တော်၊ ကယားပြည်နယ်၊ လွိုင်ကော်၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ ၊ ဧရာဝတီတိုင်း မြောင်းမြ နှင့် မွန်ပြည်နယ် မော်လမြိုင်တို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly